လစ်ဗျားစစ်ဦးစီးချုပ် မိုဟာမက် အယ်လ်ဟက်ဒက် (Mohammed al-Haddad) နှင့် အခြားစစ်ဘက်ဆိုင်ရာ အရာရှိ ၄ ဦးတို့ လိုက်ပါလာသော စီးပွားရေးသုံး ဂျက်လေယာဉ်သည် အင်္ဂါနေ့ညနေပိုင်းက တူရကီနိုင်ငံ အန်ကာရာမြို့တောင်ဘက်တွင် ပျ-က်ကျခဲ့ရာ ၎င်းတို့အားလုံး ေ-သဆုံးသွားပြီဖြစ်ကြောင်း လစ်ဗျားနှင့် တူရကီအာဏာပိုင်များက ပြောကြားခဲ့သည်။
အန်ကာရာမြို့ ဟေမာနာခရိုင်ရှိ ကတ်ဆစ်ကာဗက် ကျေးရွာအနီးတွင် ပျ-က်ကျခဲ့သော Falcon 50 ဂျက်လေယာဉ်၏ ပျ-က်စီးနေသော အစိတ်အပိုင်းများကို တူရကီပြည်ထဲရေးရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက ပြောကြားခဲ့သည်။
တူရကီနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ပြီးအပြန်တွင် အယ်လ်ဟက်ဒက်နှင့် အဆင့်မြင့်စစ်ဘက်အရာရှိအချို့ လေယာဉ်ပျ-က်ကျေ-သဆုံးခဲ့ကြောင်းကို လစ်ဗျားဝန်ကြီးချုပ် အဗ္ဗဒူလ် ဟာမစ် ဒီဘေးဘားကလည်း နောက်ပိုင်းတွင် အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။ အစိုးရအနေဖြင့် “မတော်တဆဖြစ်ပွားရသည့် အခြေအနေများ” ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်အမှတ် 9H-DFJ သည် ဒေသစံတော်ချိန် ည ၈ နာရီ ၁၀ မိနစ်တွင် အန်ကာရာမြို့ အီဆန်ဘိုဂါလေဆိပ်မှ ထရီပိုလီမြို့သို့ ဦးတည်ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ဟေမာနာအနီးတွင် လေယာဉ်အဖွဲ့သားများက အရေးပေါ်ဆင်းသက်ရန် အကြောင်းကြားပြီးနောက် မကြာမီ ည ၈ နာရီ ၅၂ မိနစ်တွင် အဆက်အသွယ်ပြတ်တေ-ာက်သွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးယာလီကာယာက ပြောကြားခဲ့သည်။
တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနက လေယာဉ်ပျ-က်ကျမှုကြောင့် မီးတေ-ာက်များ ပေါ်ထွက်လာသည့် ရုပ်သံဖိုင်နှင့် အခင်းဖြစ်နေရာတွင် ပြန့်ကျဲနေသော လေယာဉ်အစိတ်အပိုင်းများကို ထုတ်လွှင့်ပြသခဲ့သည်။ ပျ-က်ကျမှုကြောင့် အန်ကာရာရှိ လေကြောင်းလိုင်းများကို ခေတ္တရပ်နားခဲ့သော်လည်း ယခုအခါ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
လစ်ဗျားစစ်ဦးစီးချုပ် မိုဟာမက် အယ်လ်ဟက်ဒက်သည် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများအတွက် အန်ကာရာမြို့သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ အင်္ဂါနေ့အစောပိုင်းက ၎င်းသည် တူရကီကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာ၊ စစ်ဦးစီးချုပ် ဆဲလ်ဂျူး ဘိုင်ရက်တာဂိုလူးတို့နှင့် တွေ့ဆုံခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံသည် လေယာဉ်ပျ-က်ကျမှုကို စုံစမ်းစစ်ဆေးရန်အတွက် တရားဝင်စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
