Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsLocal Newsလက်အောက်ခံ တပ်များကို ထိန်းပေးရန်...

လက်အောက်ခံ တပ်များကို ထိန်းပေးရန် KNU ဥက္ကဋ္ဌ နှင့် KNLA စစ်ဦးချုပ်တို့ထံ မြန်မာ့တပ်မတော်ဘက်က စာပို့အ‌ကြောင်းကြား

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး (KNLA) တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းကြပ်မတ်ပေးရန် ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဂျော်နီတို့ထံသို့ မြန်မာ့တပ်မတော်ဖက်က စာပို့အကြောင်းကြားထားကြောင်း သိရသ ည်။

ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၆) ရက်ရက်စွဲဖြင့် စာပို့အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြောင်းကြားစာတွင် KNU ဥက္ကဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ် အပါအဝင် ဗဟိုကော်မတီဝင်များ အနေဖြင့် ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားသုံးသပ်ပြီး KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ KNDO တပ်ဖွဲ့ဝင်များအား အဖျက်လုပ်ရပ် လုပ်ဆောင်မှု မပြုရေးနှင့် မည်သည့်လုပ်ရပ်မျိုးမဆို ပြည်သူအတွက် စဉ်းစားပြီးမှ ဆောင်ရွက်ကြရေး အတွက် ကြပ်မတ်ထိန်းသိမ်းပေးရန် အသိပေးအကြောင်း ကြားကြောင်း ဖော်ပြထားသည်။

KNU အနေဖြင့် လတ်တလော သွားနေသည့် ငြိမ်းချမ်ရေး ဆွေးနွေးမှုများတွင် ပါဝင်ခြင်းမရှိသော်လည်း သဘော ထားကြီးစွာဖြင့် နားလည်ထားပေးပြီး အလွတ်သဘောတွေ့ဆုံဆွေး​နွေးရေး ၊ လူသားချင်းစာနာမှုအ‌ကူအညီပေးရေး ကိစ္စများကို ကော်မတီ အနေဖြင့်မိတ်ဝ တ်မပျက် ဆက်သွယ်ဆောင်ရွက် လျက်ရှိကြောင်းလည်း ထည့်သွင်း ပြောဆိုထားသည်။

ထို့အပြင် KNU သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည့် အတွက် မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးထားသော်လည်း KNU လက်အောက်ခံ တပ်မဟာများနှင့် KNDO တပ်ဖွဲ့များသည် PDF များနှင့် ပူးပေါင်းကာ အစိုးရဌာနဆိုင်ရာ ရုံးများ၊ လမ်းတံတားများ၊ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွားများအတွင်း တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းသည် လက်ခံနိုင်ဖွယ် မရှိသည့် ကိစ္စဖြစ်ပြီး နစ်နာသူများမှာ အပြစ်မဲ့ပြည်သူ များသာ ဖြစ်ကြောင်း အမျိုးသား စည်း လုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ပြောဆိုထားသည်။

KNU လက်အောက်ခံ တပ်မဟာများနှင့် PDF များ ပူးပေါ င်းကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်အထိ အများပြည်သူပိုင် လမ်း၊ တံတား၊ တာဝါတိုင်၊ အဆောက်အအုံများအား ဗုံး၊ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုအနေဖြင့် ကရင်ပြည်နယ်အတွင်း၌ (၁၁၆) ကြိမ်၊ မွန်ပြည်နယ်တွင် (၃၁၇) ကြိမ်၊ ပဲ ခူးတိုင်းတွင် (၆၆၂) ကြိမ်ဖြင့် စုစုပေါင်း (၁၀၉၅) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။

လတ်တလော နိုင်ငံရေး အခြေအနေများအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရပ်တန့်နေသော်လည်း နိုင်ငံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည်ဆောင်ရွက်ချိန်ရောက်ပါက အဆိုပါ ပျက်ဆီးဆုံးရှုံးမှုများအတွက် နိုင်ငံတော်မှ ကျခံကာ ပြန်လည်ပြုပြင် ပေးရမည်ဖြစ်သည့်အတွက် အဆိုပါ ပျက်ဆီးဆုံးရှုံးမှုများ မရှိပါက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တိုးတက် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ အကြောင်းကြားစာနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး ဘက်မှလည်း အကြောင်းပြန်စာ ပေးပို့ရန် အစီအစဉ်ရှိနေပြီး မည်ကဲ့သို့ တုန့်ပြန်မည်ကို မသိရှိရသေးကြောင်း KNU နှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူ လာနယူး(စ်) သို့အတည်ပြု ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071