Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeNewsLocal Newsလက်ရှိဘဏ္ဍာနှစ် ပထမ လေးလပတ်အတွင်း...

လက်ရှိဘဏ္ဍာနှစ် ပထမ လေးလပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စင်ကာပူက ကန်ဒေါ်လာ ၁.၀၈၆ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်နေ

လက်ရှိဘဏ္ဍာနှစ် ပထမ လေးလပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စင်ကာပူက ကန်ဒေါ်လာ ၁.၀၈၆ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်နေ

၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ပထမ လေးလပတ်အတွင်း နိုင် ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၀၈၆ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ် တည်နေကြောင်း သိရသည်။

စင်ကာပူ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ပြည်ပတိုက်ရိုက်မြှုပ်နှံမှုတွင် စင်္ကာပူစာရင်းဝင် ကုမ္ပဏီရှစ်ခုမှ ရင်းနှီးမြှုပ်နှံခဲ့ပြီး မြို့ ပြဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်ခြံမြေ၊ လျှပ်စစ်နှင့် ကုန်ထုတ် လုပ်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို အဓိကထား ဆောင်ရွက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

၂၀၂၂ – ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဟော င်ကောင်မှ စီမံကိန်း (၅) ခုအတွက် ခန့်မှန်းမတည်ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ ၆၄ သန်းကျော်ဖြင့် ဒုတိယ အကြီးဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ကန်ဒေါ်လာ ၅၅ ဒသမ ၇ သန်းကျော်ဖြင့် ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် တတိယနေရာတွင် ရပ်တည်နေပြီး ဘလိဇ် နှင့် ဂျပန်နိုင်ငံတို့မှ လုပ်ငန်းတစ်ခုစီ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။တရုတ်တိုင်ပေ၊ တရုတ်၊ ဟောင်ကောင်အထူးအုပ်ချုပ်‌ရေးဒေသ၊ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ဧပြီလမှ ဇူလိုင်လ အတွင်း ခန့်မှန်းခြေ မတည်ငွေ ကန်ဒေါ်လာ ၁.၂ ၂ ဘီလီယံ တန်ဖိုးရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၉ ခုကို ခွင့်ပြုပေးခဲ့ကြောင်းလည်း DICA ၏ စာရင်းဇယားများအရ သိရသည်။

အဆိုပါ လုပ်ငန်းများတွင် ကုန်ထုတ်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ အိမ်ခြံမြေနှင့် ဝန်ဆောင်မှုကဏ္ဍများအဓိက ပါနေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ – ၂၀၂၂ ခုနှစ် မီနီဘတ်ဂျက်ကာလ (၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀ ၂၂ ခုနှစ် မတ်လ) အတွင်း ပြည်ပရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း ၄၉ ခုမှ ကန်ဒေါ်လာ ၆၄၇ ဒသမ ၁၂၇ သန်းကျော် ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

စင်္ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအ နေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၄၁၈ သန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂.၃ဘီလီယံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၄.၂၉ဘီလီယံ၊ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄.၂၅ ဘီလီယံ၊ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃.၈ ဘီလီယံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂.၁၆ ဘီလီယံ၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၂.၄ ဘီလီယံ၊ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁.၈၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

ထို့အပြင် သီလဝါအထူးစီးပွားရေးဇုန်၌လည်း ဂျပန်ပြီးလျှင် စင်္ကာပူသည် ဒုတိယအကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်နိုင်ငံအဖြစ်ရပ်တည်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic Acid) ၂၅၅၀၀ လီတာကိုဖမ်းမိ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန်...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ (၁,၂၀၀)ဦးကျော်ရှိခဲ့

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမီးပွိုင့်နှင့် နာရီစင်မှတ်တိုင်အနီးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်မည့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ၌ လာရောက်ကုသမှုခံယူလိုသူ များအား ဇွန် ၂၀ ရက်နံနက် ၇ နာရီမှစတင်၍ စာရင်းပေးသွင်းရန် ကြေညာထားခဲ့သည်။ ထိုသို့ ကြေညာထားသော်လည်း နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေကြသူများရှိခဲ့ပြီး ကုသမှုခံယူလိုသူများပြားသဖြင့် တစ်ရက်တည်း၌ပင် လူဦးရေ(၁,၂၀၀)ကျော်သွားခဲ့၍ စာရင်းပိတ်ခဲ့ကြောင်း...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်သည်လည်း ယနေ့ ဇွန် ၂၀ ရက်မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့ကြား တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071