Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeNewsLocal Newsလက်ရှိနိုင်ငံရေးအကြပ်အတည်းဖြေရှင်းရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့အာဆီယံတို့ရဲ့ကြိုးပမ်းလာမယ့်ခြေလှမ်းတွေကို အပြု...

လက်ရှိနိုင်ငံရေးအကြပ်အတည်းဖြေရှင်းရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့အာဆီယံတို့ရဲ့ကြိုးပမ်းလာမယ့်ခြေလှမ်းတွေကို အပြု သဘောနဲ့စောင့်ကြည့်ရမယ်”ဟု PPST အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းပြော

(Unicode)

လက်ရှိနိုင်ငံရေးအကြပ်အတည်းဖြေရှင်းရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့အာဆီယံတို့ရဲ့ကြိုးပမ်းလာမယ့်ခြေလှမ်းတွေကို အပြု သဘောနဲ့စောင့်ကြည့်ရမယ်”ဟု PPST အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေး(၂၃/၂၀၂၂)ရဲ့အဖွင့်မိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယနေ့အထိ ဖြစ်ပွားနေသည့် ဖြစ်စဉ်အားလုံးကို ဂဃနဏ သုံးသပ်ပြီး လက်တွေ့ကျသော ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားဖို့ လိုအပ်သည်ဟုလည်းပြောသည်။

အလားတူ အဖွဲ့အစည်းအသီးသီးရှိ ခေါင်းဆောင်များ၏ နှစ်သစ်မိန့်ခွန်းများ၌ နိုင်ငံရေး၊ငြိမ်းချမ်းရေး၊ဖက်ဒရယ်အရေး ပြောဆိုချက်များကို PPST မှ အလေးအနက်ထားကြောင်း အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းကပြောသည်။

“ပြည်တွင်းစစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ်ကျော်အကူအညီ ရရှိနိုင်ရေးကိုလည်း ဒီအစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးနည်းလမ်းရှာသွားရမှာပါ”ဟုအဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းကပြောသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အကျိုးဆက်ဖြစ်သော ချင်းပြည်ဖြစ်စဉ်၊ကရင်နီပြည်၊ဖရူဆိုမြို့နယ်၊မိုဆိုရွာဖြစ်စဉ်၊စစ်ကိုင်းတိုင်းနှင့်မကွေး တိုင်းအတွင်းတို့မှဖြစ်စဉ်၊လေးကေ့ကော် ငြိမ်း ချမ်းရေးမြို့သစ်အရေးအခင်းနှင့် နစက ၏ဒီဇင် ဘာ ၃၀ ရက်က NCA သဘောတူစာချုပ် လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်ကိစ္စများကိုလည်း ဆွေးနွေး၍သဘောထားချမှတ်သွားမည်ဟု ပြောသည်။

(Zawgyi)

လက္ရွိႏိုင္ငံေရးအၾကပ္အတည္းေျဖရွင္းေရးအတြက္ ကုလသမဂၢအထူးကိုယ္စားလွယ္နဲ႔အာဆီယံတို႔ရဲ႕ႀကိဳးပမ္းလာမယ့္ေျခလွမ္းေတြကို အျပဳ သေဘာနဲ႔ေစာင့္ၾကည့္ရမယ္”ဟု PPST အဖြဲ႕ေခါင္းေဆာင္ႏိုင္ေအာင္မင္းေျပာ

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST)အစည္းအေဝး(၂၃/၂၀၂၂)ရဲ႕အဖြင့္မိန္႔ခြန္း၌ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္မွ ၂၀၂၁ ခုႏွစ္၊ေဖေဖာ္ဝါရီ ၁ ရက္မွစ၍ ယေန႔အထိ ျဖစ္ပြားေနသည့္ ျဖစ္စဥ္အားလုံးကို ဂဃနဏ သုံးသပ္ၿပီး လက္ေတြ႕က်ေသာ ေဆာင္႐ြက္ခ်က္မ်ားကို လုပ္ေဆာင္သြားဖို႔ လိုအပ္သည္ဟုလည္းေျပာသည္။

အလားတူ အဖြဲ႕အစည္းအသီးသီးရွိ ေခါင္းေဆာင္မ်ား၏ ႏွစ္သစ္မိန႔္ခြန္းမ်ား၌ ႏိုင္ငံေရး၊ၿငိမ္းခ်မ္းေရး၊ဖက္ဒရယ္အေရး ေျပာဆိုခ်က္မ်ားကို PPST မွ အေလးအနက္ထားေၾကာင္း အဖြဲ႕ေခါင္းေဆာင္ႏိုင္ေအာင္မင္းကေျပာသည္။

“ျပည္တြင္းစစ္ေဘးေရွာင္ေတြအတြက္ နယ္စပ္ျဖတ္ေက်ာ္အကူအညီ ရရွိႏိုင္ေရးကိုလည္း ဒီအစည္းအေဝးမွာ ညႇိႏႈိင္းေဆြးေႏြးနည္းလမ္းရွာသြားရမွာပါ”ဟုအဖြဲ႕ေခါင္းေဆာင္ႏိုင္ေအာင္မင္းကေျပာသည္။

လက္ရွိႏိုင္ငံေရးအက်ပ္အတည္း၏ အက်ိဳးဆက္ျဖစ္ေသာ ခ်င္းျပည္ျဖစ္စဥ္၊ကရင္နီျပည္၊ဖ႐ူဆိုၿမိဳ႕နယ္၊မိုဆို႐ြာျဖစ္စဥ္၊စစ္ကိုင္းတိုင္းႏွင့္မေကြး တိုင္းအတြင္းတို႔မွျဖစ္စဥ္၊ေလးေက့ေကာ္ ၿငိမ္း ခ်မ္းေရးၿမိဳ႕သစ္အေရးအခင္းႏွင့္ နစက ၏ဒီဇင္ ဘာ ၃၀ ရက္က NCA သေဘာတူစာခ်ဳပ္ လက္ မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕မ်ားသို႔ အသိေပးထုတ္ျပန္ခ်က္ကိစၥမ်ားကိုလည္း ေဆြးေႏြး၍သေဘာထားခ်မွတ္သြားမည္ဟု ေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071