စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာအား လက်နက်ကိုင်အဖွဲ့ဝင်များက ဒီဇင်ဘာ ၂၉ ရက်နံနက်ပိုင်းက Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
လက်နက်ကိုင်အဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ်၊ ဆားကုန်းကျေးရွာအတွင်းသို့ ဒီဇင်ဘာ ၂၉ ရက်နံနက် ၉ နာရီခွဲခန့်က Drone ယာဉ်အသုံးပြုပြီး Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ချတိုက်ခိုက်မှုကြောင့် ယင်း ကျေးရွာနေ အဆိုပါကျေးရွာနေ အမျိုးသမီး(၁)ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား(၅)ဦးနှင့် အမျိုးသမီး (၈)ဦး(စုစုပေါင်း ၁၃ ဦး)တို့တွင်လည်း ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် တာဝန်ရှိသူများက ကန့်ဘလူမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ လက်နက်ကိုင်အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား ဒီဇင်ဘာ ၂၉ ရက်ည ၁၁ နာရီ ၄၅ မိနစ်ခန့်က မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် အလျား ၁၀၈ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၂၂ ပေရှိ ကွန်ကရစ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ အုပ်ညှပ်(၂)ထပ်၊ စာသင်ဆောင်မှာ ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။