Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeInternationalလက်နက်ကိုင်ပုန်ကန်မှုအပြီး ပူတင်သည် ဝက်ဂနာအကြီးအကဲ...

လက်နက်ကိုင်ပုန်ကန်မှုအပြီး ပူတင်သည် ဝက်ဂနာအကြီးအကဲ ပရီဂိုဇင်နှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားဆို

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဝက်ဂနာတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်နှင့် ၎င်း၏တပ်မှူး ၃၅ ဦးတို့အား ဇွန်လ ၂၉ ရက်က မော်စကို၌ လက်ခံတွေ့ဆုံခဲ့ကြောင်း ကရင်မ်လင်က ပြောသည်။ ပရီဂိုဇင်နှင့် ဝက်ဂနာတပ်ဖွဲ့တို့ လက်နက်ကိုင်ပုန်ကန်မှုအပြီး ၅ ရက်အကြာတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ပူတင်နှင့် ပရီဂိုဇင်တို့အဖွဲ့ သုံးနာရီကြာတွေ့ဆုံမှုတွင် “သမ္မတက ဝက်ဂနာတပ်မှူးတွေရဲ့ ရှင်းလင်းချက်တွေကို နားထောင်ပြီး နောက်ထပ် အလုပ်အကိုင်ရွေးချယ်ခွင့်နဲ့ တိုက်ပွဲဝင်လျှောက်လွှာတွေထပ်လျှောက်ကြဖို့အတွက် ရွေးချယ်စရာတွေ ပေးခဲ့တယ်” ဟု ကရင်မ်လင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီပက်စကော့ က ယမန်နေ့ တနင်္လာနေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ရုရှားသမ္မတပူတင်သည် ၎င်း၏ရာထူးသက်တမ်းတလျှောက် အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရစဉ်တွင် ဝက်ဂနာခေါင်းဆောင်များအပေါ် “ပြင်းထန်သော” ပြစ်ဒဏ်များချမှတ်မည်ဟု ကတိပြုပြီးနောက် ထိုသို့တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။ ဝက်ဂနာတပ်ဖွဲ့သည် ရုရှားလေယာဉ်များကို ပစ်ချခဲ့သဖြင့် ရုရှားတပ်ဖွဲ့ဝင်များ သေဆုံးပြီးနောက် ပရီဂိုဇင်နှင့် ကြေးစားတပ်ဖွဲ့ဝင်များအား လက်နက်ကိုင် ပုန်ကန်မှုဖြင့် စွဲချက်တင်ရန် ပူတင်၏ ဆုံးဖြတ်ချက်ကို ရုရှားအထက်တန်းလွှာများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့် ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် တွေ့ရသည့် မဲရုံပိတ်သိမ်းကာ မဲရလာဒ်များ စတင်ရေတွက်မှုမြင်ကွင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ ညနေ ၄နာရီအချိန်တွင် မဲပေးမှုများ ပြီးစီးကာ မဲရုံများ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသ​ကြီးတွင် ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ စမ်းချောင်း၊...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071