စလေမြို့နယ်၊ လက်ပန်ကျွန်း (ဇီးခုံ) ကျေးရွာတွင် ရှားပါးစင်းကျားလိပ်ကို ပြန်လည်တွေ့ရှိပြီး မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (မြန်မာ) -FFI မှ သိရသည်။
ရှားပါးရေချိုလိပ်မျိုးစိတ်တစ်မျိုးဖြစ်သည့် အဆိုပါစင်းကျားလိပ်ကို ပြီးခဲ့သည့် အောက်တိုဘာ၂၈ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
စင်းကျားလိပ်ကို နေရာဒေသအလိုက် ရှမ်းကြီးလက်မောင်းလိပ်၊ စင်းကျားလိပ်၊ ခေါင်းသေးလိပ်၊ လိပ်ဖရဲစသဖြင့် ခေါ်ကြကြောာင်း သိရသည်။
ယင်းစင်းကျားလိပ်သည် ပေါ်တူဂီမျိုးရင်းဖြစ်ပြီး မြန်မာနိုင်ငံကို ၁၉၉၄ခုနှစ်ဝန်းကျင်က ရောက်ရှိလာပြီး ၂၀၀၁ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၆ ခုနှစ်က တစ်ကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါ ၁၉ နှစ်အကြာမှာ ပြန်လည်တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး စင်းကျားလိပ်မျိုးစိတ်ကို နိုင်ငံတကာသဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (IUCN) ရဲ့ Red List မှာ ထည့်သွင်းထားပြီး မျိုးသုဉ်းရန် အလွန်နီးစပ်နေသည့်အဆင့်အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။
