ရှမ်းယူနိုက်တက် အမျိုးသမီးဘောလုံးအသင်း၏ အဓိက ရည်ရွယ်ချက်သည် လူငယ်လက်ရွေးစင်ကစားသမားများဖြစ်လာရေးအတွက်သာ ရည်ရွယ်ဖွဲ့စည်းကြောင်း အသင်းနည်းပြ ဦးထက်အောင်က ပြောသည်။
“ကျွန်တော်တို့ က-လေ-းတွေအတွက် လူငယ်လက်ရွေးစင်အသင်းတွေမှာ ပါရမယ်ဆိုတဲ့ ရည်ရွယ်ချက်က နံပါတ်တစ်အချက်ပါ။ အခုအမှတ်ပေး ဘောလုံးပြိုင်ပွဲအတွက် ပထမ၊ ဒုတိယ ၊ တတိယ ဝင်ဖို့ဆိုက တော်တော်ကြီးကို ရုန်းကန်ရမှာ။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်”ဟု၎င်းက ဆိုသည်။
လာမည့်မေ (၇)ရက်တွင် စတင်ယှဉ်ပြိုင်မည့် အမျိုးသမီးအမှတ်ပေးဘောလုံးပြိုင်ပွဲ၌ အသင်းအနေဖြင့် ဂိုးရမှတ် အဆင့် (၁)မှ အဆင့် (၅)အထိ ရရှိရန်လည်း ရည်မှန်းထားကြောင်းလည်း ၎င်းက ဆိုသည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ကျင်းပပြုလုပ်မည့် Myanmar Women League 2024 ပြိုင်ပွဲတွင် အသင်းအသစ်တစ်သင်းအနေဖြင့် စတင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး၊ ရှမ်းပြည်နယ် ကျောက်မဲ၊ တာချီလိတ်၊ မူဆယ်၊ တောင်ကြီး၊ ကလော၊ ပင်းတယ၊ ညောင်ရွှေ အစရှိသည့် ဒေသများမှ လူငယ်အမျိုးသမီးကစားသမားများကို ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အသင်းအား ကစားသမား (၃၀)ဦး ရွေးချယ်ကာ လေ့ကျင်ပြင်ဆင်နေပြီး၊ မေလ(၈)ရက် အုပ်စုအဖွင့်ပွဲစဉ်တွင် ISPE အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ပုံစာ – ရှမ်းယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း၏ လေ့ကျင့်မှု ပုံရိပ်များ




