Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeNewsLocal Newsရှမ်းရွာသစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့်...

ရှမ်းရွာသစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ပေ(၅၀)ခန့်ရှိ တံ တားတစ်စင်း၏ ချဥ်းကပ်လမ်းနှင့်ကတ္တရာလမ်းပြိုကျ

ကရင်ပြည်နယ်၊ရှမ်းရွာသစ်မြို့တွင် သြဂုတ် ၈ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ပေ(၅၀)ခန့်ရှိ တံတားတစ်စင်း၏ ချဥ်းကပ်လမ်းနှင့်ကတ္တရာလမ်းပြိုကျသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားရာမှ ရှမ်းရွာသစ်မြို့မှ (၂)မိုင်ခန့်အကွာ ရှမ်းရွာသစ်-လေးဝါးလမ်း၏ မိုင်တိုင်အမှတ် ၂၀/၇ ရှိ ပေ(၅၀)အရှည်တံတား၏ ချဥ်းကပ်လမ်းနှင့်ကတ္တရာလမ်းတို့မှာ အကျယ် ပေ(၂၀)ခန့်ပြိုကျသွားခဲ့ကြောင်း သိရသည်။

“အဲဒီတံတားကို နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ပြည်နယ်ရန်ပုံငွေနဲ့တည်ဆောက်ခဲ့တာပါ အခု တောင်ကျရေ တိုက်စားပြီး ပေ ၂၀ လောက်ပြိုကျသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

တောင်ကျရေတိုက်စားမှုကြောင့် ပြိုကျသွားခဲ့သည့်တံတားအား ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည့်ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071