လာမည့် မေလအတွင်း စတင်ကျင်းပပြုလုပ်မည့် Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းအနေဖြင့် ပြိုင်ပွဲဝင်ကွင်း(စလင်းကွင်း) အထိ သွားရောက်လေ့ကျင့်ကစားမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်ကျင်းပမည့် Myanmar Women League 2024 အမှတ်ပေး ဘောလုံးပြိုင်ပွဲ၌ အသင်းသစ်တစ်ခုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲအား မေလ (၇) ရက်မှ နိုဝင်ဘာလ(၅)ရက်အထိ ရန်ကုန်မြို့ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့၌ အသင်း (၇) သင်းဖြင့် ပွဲစဉ် (၂၁)ပွဲအထိ သုံးကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။
သုံးကျော့စနစ်အရ (3 Round Robin) ပထမအကျော့အား မေ(၇)ရက်မှ ဇွန်(၁၁)ရက်အတွင်း ပွဲစဉ် (၇)ပွဲ၊ ဒုတိယအကျော့အနေဖြင့် ဇူလိုင်(၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲ၊ တတိယအကျော့အား စက်တင်ဘာ(၆) ရက်မှ နိုဝင်ဘာ(၅)ရက်အတွင်း ပွဲစဉ် (၇)ပွဲအားလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ယခုနစ် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း နှစ်သင်းတို့ ထပ်တိုးယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။



