၂၀၂၃ မြန်မာနေရှင်လိဂ် အဖွင့်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်နှင့် ISPE၊ ဒဂုံစတားယူနိုက်တက်နှင့် ဧရာ၀တီယူနိုက်တက်တို့ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည်။
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် အား/ကာသိပ္ပံ (ISPE) တို့ ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်က YUSC ကွင်း၌ ယှဉ်ပြိုင်ကစားရာတွင် ပထမပိုင်း၌ ဂိုးမရှိ သရေကျခဲ့ပြီး ဒုတိယပိုင်းတွင် လူစား၀င်ကစားသမား လင်းထက်စိုးနှင့် ရဲရင်အောင်တို့၏ သွင်းဂိုးဖြင့် ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဒဂုံစတားယူနိုက်တက်နှင့် ဧရာ၀တီယူနိုက်တက်တို့ ယနေ့ ညနေ ၄ နာရီအချိန်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲမှာ အကြိတ်အနယ် ရှိခဲ့ပြီး အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျခဲ့ကာ ၂ ဂိုး ၂ ဂိုး ရလဒ် ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။









