၂၀၂၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် မဲပေးပိုင်ခွင့် အခွင့်အရေးအပြည့်အဝရရှိရန် အတွက် မဲစာရင်း စစ်ဆေးမှုများ ဆောင် ရွက်လျက်ရှိသည်။
ယင်းသို့ မဲစာရင်းမှန်ကန်မှုရှိစေရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဒေသခံပြည်သူများ မဲစာရင်းမှန်ကန်စေရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စနစ် အရ ဒီဇင်ဘာ(၆)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိးမြိုရှိ အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊ နောင်ချိုမြိုနယ်၊ ကျောက်မဲမြိုနယ်၊ သီပေါမြိုနယ်နှင့် မိုင်းရယ်မြိုနယ်တို၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြိုနယ်၊ ကာလိမြိုရှိ ဟိုပန်ကျေးရွာ၊ နမ့်စန်မြိုနယ်၊ နမ့်စန်ကျေးရွာအုပ်စုရှိ အမှတ်(၁)ကျေးရွာ၊ မိုင်းနောင်မြိုရှိ နားကန်းကျေးရွာတို၌လည်းကောင်း Door to Door စနစ်ဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းမဲစာရင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ(၁၁)ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
