ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးလေဆိပ်ကို ကာကွယ်ဆေး အလုံးရေ ၁၀၀၀၀ ရောက်ရှိ
ကိုဗစ်၁၉ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို ဦးစားပေးအုပ်စုအလိုက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာ ထိုးနှံနေပေးရာ ယမန်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်က ဒေသခံပြည်သူတွေကို ထိုးနှံပေးခဲ့ကြောင်း သိရပါတယ်။
သီပေါမြို့နယ်က အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ဒေသခံတိုင်းရင်းသားပြည်သူ ၃၅၄ဦးတို့ကိုကိုဗစ် ၁၉ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့တာပါ။
ယမန်နေ့က ရှမ်းပြည်နယ် လာရှိုးလေဆိပ်ကို ကိုဗစ်၁၉ကာကွယ်ဆေး အလုံးရေ ၁၀၀၀၀ ရောက်ရှိခဲ့တာပါ။
ကာကွယ်ဆေးတွေကို ရှမ်းပြည်နယ်(မြောက်ပိုင်း) က လားရှိုး၊တန့်ယန်း၊မိုင်းရယ်၊ကွမ်းလုံ၊သိမ်းနီ၊နောင်ချို၊ကျောက်မဲ၊သီပေါ၊ဟိုပန်၊မိုးမိတ်၊မဘိန်း၊လောက်ကိုင်၊ကုန်းကြမ်း၊နမ့်ဆန်၊မန်တုံ၊နမ္မတူ၊မူဆယ်၊နမ့်ခန်းနဲ့ကွတ်ခိုင်စတဲ့ မြို့နယ် ၁၉မြို့နယ်ကို ခွဲဝေထိုးနှံပေးသွားမယ်လို့လည်း သိရပါတယ်။