ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့၌ လာမည့် ရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရေးအတွက် မဲစာရင်းအမှတ်များကို အိမ်တိုင်ရာရောက်လို က်လံဖြန့်ဝေခြင်းများကို ရပ်ကွက်၊ကျေးရွာအုပ်စုများအလိုက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင် နှင့် အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုးများက တစ်အိမ်တက်ဆင်း ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းအမှတ်များ သိရှိထားပါက ရွေးကောက်ပွဲကျင်းပမည်နေ့တွင် အချိန်ကြန့်ကြာမှုမရှိလဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နှင့် မဲပေးနိုင်ရေး နှိုးဆောင်မှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၅ အထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့် ကျင်းပနေခြင်းဖြစ်ပြီး အပိုင်း(၁)ကို ၂၀၂၅ ဒီဇင်ဘာ၂၈ ရက်နေ့ ကကျင်းပခဲ့ပြီးဖြစ်ပြီး အပိုင်း(၂)ကို လာမည့် ၂၀၂၆ ဇန်နဝါရီ(၁၁)ရက်နှင့် အပိုင်း(၃) ကို ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
