Tuesday, March 18, 2025

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ...

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်‌ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ...
HomeNewsLocal Newsရှမ်းနှင့်ကယားမှ စစ်ဘေးရှောင်ပြည်သူ (၈၀၀၀၀)...

ရှမ်းနှင့်ကယားမှ စစ်ဘေးရှောင်ပြည်သူ (၈၀၀၀၀) ကျော်အား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ဟု UNHCR ထုတ်ပြန်

ရှမ်းနှင့်ကယားမှ စစ်ဘေးရှောင်ပြည်သူ (၈၀၀၀၀) ကျော်အား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ဟု UNHCR ထုတ်ပြန်

ရှမ်းနှင့် ကယား ပြည်နယ်အတွင်းက စစ်ဘေးရှောင် ပြည်သူများထံ လူသားချင်း စာနာမှုအကူအညီများ ပေးအပ်လျက်ရှိရာ ပြီးခဲ့သည့် ဇွန်လ အတွင်းက စစ်ဘေးရှောင်ပြည်သူ (၈၃၀၀၀) ကို ကူညီပေးနိုင်ခဲ့ကြောင်း UNHCR က ထုတ်ပြန်ချက်အရသိရသည်။


ကယားပြည်နယ်အတွင်းမှ နယ်မြေဒေ သအချို့တွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများပြင်းထန်နေပြီး နယ်မြေထိစပ်နေသည့် ရှမ်းပြည်အ တွင်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များလည်း ပိုမိုများပြားလာနေကြောင်း UNHCR က ထုတ်ပြန်ထားသည်။


အဆိုပါ စစ်ဘေးရှောင်များအား လူသားချင်း စာနာမှုအ ကူအညီများ ပေးအပ်မှုအစီအစဥ်ကို ၂၀၂၂ ဇန်နဝါရီ လ က စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလကလည်း က ယားပြည်နယ်တွင်းမှ ပြည်သူများကို ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဇွန်လအတွင်းက ရှမ်းပြည်နယ်အတွင်း ဝင်ရောက်လာသည့် စစ်ဘေးရှောင်များနှင့် ကာယားပြည်နယ်အတွင်းမှ စစ်ဘေးသင့် ပြည်သူ (၈၃၀၀၀) အတွက် ဖျာများ၊ မီးဖို ချောင်သုံးပစ္စည်းများ၊ ခြင်ထောင်များ၊ ရေပုံးပျော့များ၊ တာပေါ်လင်စများ၊  အိမ်အမိုး သွပ်ပြားများအပါအ၀င် အမိုးအကာပစ္စည်းများ၊ တစ်ကိုယ်ရည်ကာ ကွယ်ရေးသုံးဝတ်စုံများ (PPEs) နှင့် တကိုယ်ရည် ကျန်းမာရေးသုံးပစ္စ ည်းများ စသည်တို့ကို ဖြန့်ဝေကူညီပေးခဲ့ကြောင်း သိရသည်။


ထို့အပြင် UNHCR အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူ သားချင်း စာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေသော ပဋိပက္ခ နေရာဒေသများမှ ပြည်သူများကို  ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်းလည်း  အသိပေးထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဉ်အ တွင်း၌လည်း မြန်မာပြည်တွင်းရှိ ပြည်သူများထံ လူသားချင်းစာနာမှု အကူညီများ ထောက်ပံ့ကူညီသွားရန်ရှိပြီး ယင်း လူသားချင်းစာနာမှု အကူညီများ အမှန်တကယ် လို အပ်နေသူများထံ လုံခြုံ‌ဘေးကင်းစွာ ရောက်ရှိရေးပံ့ပိုးကူညီရန် နစက ခေါင်းဆောင်များကို တိုက်တွန်းပြောကြားသွားသေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်မြို့၌ဖမ်းမိ

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်ည ၇ နာ ရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့အား အိုက်စ်(၁ ဒသ မ ၂ တန်)နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နေထိုင်...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ အခမဲ့ဖျော်ဖြေတင်ဆက်မည်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ တေးသံရှင်များ၏ အခမဲ့ဖျော်ဖြေတင်ဆင်မှုများနှင့်အတူ အငြိမ့်ပွဲများလည်းပါဝင်မည်ဖြစ်ကာ မန်းရွှေစက်တော်ဘုရားပွဲတော် အထူးတံတားမုဒ်ဦးအနီးရှိ စတိတ်စင်မြင့်တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖျော်ဖြေတင်ဆက်ခြင်းကို "မင်းထွေး”ဇာတ်အဖွဲ့မှဦးဆောင်၍ ဇာတ်မင်းသား၊ မင်းသမီးများဖြစ်သည့် မင်း‌ထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်သည့် ချောကလက်၊ သူရိန်စိုး(လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များဖြစ်သည့် စိန်ခဲ၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်းတို့က ရွှေခိုင်ဇော် မင်္ဂလာဆိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071