Wednesday, May 13, 2026

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို...

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန်...

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက်...

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း...

မျက်မမြင်နှင့် နားမကြားသောကလေးများကျောင်းများတွင် ကျောင်းသားသစ်များခေါ်ယူ၊ စားသောက်နေထိုင်စရိတ်...

လျှောက်ထားနိုင်သည့် ကျောင်းများမျက်မမြင်ကျောင်းများ ရန်ကုန်မြို့ (ကြည့်မြင်တိုင်) နှင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်းများတွင် လျှောက်ထားနိုင်သည်။ နားမကြားသောကလေးများကျောင်းများရန်ကုန်ကျောင်းနှင့် မန္တလေးကျောင်းတို့တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလေးငယ်များ တက်ရောက်ရန် လျှောက်ထားနိုင်သည်။ ခံစားခွင့်နှင့်...
HomeMoviesရှမ်း(တောင်)ဒေသ အာလူးဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိ

ရှမ်း(တောင်)ဒေသ အာလူးဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အာလူးစျေးကွက်မှာဈေးနှုန်းကျဆင်းနေသော်လည်း ဈေးကွက်အလားအလာကောင်းများရှိနေကြောင်း အာလူးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)သည် မြန်မာနိုင်ငံအတွင်း အာလူးထွက်ရှိမှုအများဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ဟဲဟိုး၊ အောင်ပန်း၊ ပင်းတယ၊ ကလော၊ နောင်တရားနှင့် တီကျစ်ဒေသများတွင် အာလူးစိုက်ပျိုးမှုကို အဓိကထား လုပ်ကိုင်လျက်ရှိသည်။

ရှမ်း(တောင်)ဒေသထွက် အာလူးဈေးနှုန်းများမှာ ရာသီအလိုက် အပြောင်းအလဲရှိနေပြီး သီးနှံထွက်ရှိမှုများသောကာလများတွင် ဈေးနှုန်းကျဆင်းကာ သီးနှံရှားပါးသည့်ကာလများတွင် ဈေးနှုန်းမြင့်တက်လေ့ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း စိုက်ပျိုးရေးကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာမှုကြောင့် အာလူးဈေးနှုန်းများသည် ယခင်နှစ်များထက် အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေသစုံမှ သီးနှံအထွက်များပြားလာသဖြင့် အာလူးဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး မားကီး S2/S1 တစ်ပိဿာလျှင် ၂၈၀၀ မှ ၃၀၀၀ ကျပ်၊ မျက်နီ S1 ၂၅၀၀ ကျပ်၊ OK ၁၈၀၀ ကျပ်၊ A1 ၁၅၀၀ ကျပ်၊ ဆွဲသီး ၁၃၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ် ၁၀၀၀ ကျပ်ဖြင့် ဈေးပေါက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရသည်။

အာလူးဈေးနှုန်းများမှာ အရည်အသွေး၊ အရွယ်အစားနှင့် သန့်ရှင်းမှုအပေါ် မူတည်၍ ကွာခြားမှုရှိပြီး လက်ကား(wholesale)နှင့် လက်လီ(retail)ဈေးနှုန်းများလည်း မတူညီကြောင်း သိရသည်။

ရှမ်း(တောင်)ဒေသထွက် အာလူးများကို ပြည်တွင်းဈေးကွက်အပြင် နယ်စပ်မှတစ်ဆင့် နိုင်ငံခြားဈေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး အရည်အသွေးကောင်းမွန်သည့် အာလူးများအတွက် ဝယ်လိုအားမြင့်မားနေကြောင်း သိရသည်။

သို့သော် စိုက်ပျိုးရေးကုန်ကျစရိတ်မြင့်တက်ခြင်း၊ မိုးလေဝသမမှန်ကန်မှု၊ သယ်ယူပို့ဆောင်ရေးအခက်အခဲများနှင့် ဈေးနှုန်းမတည်ငြိမ်မှုများသည် အာလူးစိုက်ပျိုးသူများအတွက် အဓိကစိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်ပြီး ပုံစံပြောင်းလဲနိုင်သည့် စက်ရုပ်ကို တရုတ်နိုင်ငံ Unitree ကုမ္ပဏီက ထုတ်ဖော်ပြသ

လူသားများသည် အရွယ်အစားကြီးမားပြီး ခြေနှစ်ချောင်းထောက် လမ်းလျှောက်နိုင်သော စက်ရုပ်ကြီးများကို မောင်းနှင်သည့် စိတ်ကူးသည် "Pacific Rim" ကဲ့သို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကားကြီးများထဲတွင်သာ ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သိပ္ပံစိတ်ကူးယဉ် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အင်ဂျင်နီယာလောကအကြား နယ်နိမိတ်မျဉ်းမှာ လျင်မြန်စွာ ပျောက်ကွယ်လာနေပြီ ဖြစ်သည်။ အနာဂတ်နောက်ခံ ရုပ်ရှင်နမူနာတစ်ခုအတွင်းမှ မြင်ကွင်းကဲ့သို့ပင် Unitree Robotics ကုမ္ပဏီ၏ စီအီးအို ဝမ်ရှင်းရှင်း(Wang Xingxing) သည် အမြောက်အမြား ထုတ်လုပ်ရန် အသင့်ဖြစ်နေသည့် ကမ္ဘာ့ပထမဆုံး လူစီးနင်းလိုက်ပါနိုင်သော စက်ရုပ်အဖြစ်...

မည်သည့်အတွက် ကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးတည်ငြိမ်ရန်အရေးကြီးလာသနည်း

ပေကျင်း၊ မေလ ၁၃ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် စတင်ချိန်တွင် နှစ်နိုင်ငံအကြား အရေးပါသော၊ ရှိသော၊ တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ရန် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာနေသည်။ ဤခရီးစဉ်သည် လွန်ခဲ့သော ကိုးနှစ်နီးပါးကာလအတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။ အပြောင်းအလဲမြန်သည့် အခြေအနေများရှိသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သော နှစ်နိုင်ငံဆက်ဆံရေး ကို ပြန်လည်သုံးသပ်ချက်များအရ ထိပ်သီးခေါင်းဆောင်များ၏ သံတမန်ရေးရာ ဆောင်ရွက်မှုများသည် အမြဲတစေ အကျိုးပြုခဲ့သည်။ ၎င်းသည် အစားထိုးမရနိုင်သော...

ပူတင်၏ တရုတ်ခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် ဆွေးနွေးပွဲအတွက် အခွင့်အလမ်းပြတင်းပေါက်တစ်ခု ဖန်တီးပေးနိုင်ဟုဆို

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရုတ်နိုင်ငံခရီးစဉ်သည် ရုရှား-တရုတ်-အမေရိကန် သုံးပွင့်ဆိုင်ဆွေးနွေးမှုအတွက် သမိုင်းဝင်အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပူတင်၏ခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ရှန်ဟိုင်းနိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ ပရော်ဖက်ဆာ ယန်ချန်း (Yang Cheng) ကပြောကြားသည်။ ဗလာဒိုင်းကလပ်(Valdai Club) ၏ အလယ်အာရှညီလာခံ ဘေးထွက်ဆွေးနွေးပွဲတွင် သူက "အမေရိကန်သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ပူတင်ရဲ့ခရီးစဉ်မတိုင်ခင် ဖြစ်လာမှာပါ။ ဒါဟာ သမိုင်းဝင် အခွင့်အလမ်းပြတင်းပေါက်တစ်ခုကို ဖန်တီးပေးလိုက်တာပါပဲ။ ဒီနိုင်ငံသုံးနိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုမျိုး မဟုတ်ခဲ့ရင်တောင်မှ၊ သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးမှုအချို့ကတော့ ဖြစ်ပေါ်လာမှာပါ" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071