Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeInternationalရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနကိုဆန္ဒပြကန့်ကွက်

ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနကိုဆန္ဒပြကန့်ကွက်

ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနကိုဆန္ဒပြကန့်ကွက်

တိုကျို၊ဇူလိုင် ၂၂

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကွယ်လွန်ပြီးနောက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော်ဈာပနကျင်းပရန် ဂျပန်အစိုးရကသတ်မှတ်ခဲ့သည်။သို့သော် အဆိုပါဈာပနအခမ်းအနားအတွက်ကုန်ကျစရိတ်အရပ်ရပ်ကို နိုင်ငံ့ဘဏ္ဍာငွေမှ ထုတ်ယူသုံးစွဲမည်ဟူသည့် ဆုံးဖြတ်ချက်အားသဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိကာ ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိသည်။

ရာထူးမှနုတ်ထွက်ပြီးသည့်တိုင် လက်ရှိအာဏာရညွန့်ပေါင်းပါတီ (LDP) တွင် ဩဇာသက်ရောက်မှုရှိဆဲ ဂျပန်နိုင်ငံ၏သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်မစ္စတာ ရှင်ဇိုအာဘေးသည် လွန်ခဲ့သောနှစ်ပတ်ခန့်က မဲဆွယ်ပွဲတစ်ခုတွင်ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။အဆိုပါဖြစ်ရပ်သည် ဂျပန်လူထုကိုအလွန်ထိတ်လန့်စေခဲ့သည်။

ဝန်ကြီး၏ဈာပနကို မကြာသေးခင်ကကျင်းပခဲ့သော်လည်း တိုကျိုမြို့လယ်ရှိ Nippon Budokan တွင် နိုင်ငံတော်ဈာပနအနေဖြင့်စက်တင်ဘာ ၂၇ ရက်တွင် ထပ်မံကျင်းပရန် အစိုးရအဖွဲ့ကသောကြာနေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ဂျပန်ရဲ့သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တစ်ဦးဖြစ်ပြီး တမူထူးတဲ့ခေါင်းဆောင်မှုစွမ်းရည်တွေနဲ့ ပြည်တွင်းပြည်ပကကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ မစ္စတာအာဘေးရဲ့လုပ်ဆောင်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ဈာပနကိုတခမ်းတနားလုပ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ” ဟု အစိုးရအဖွဲအတွင်းဝန်ချုပ် Hirokazu Matsuno ကသတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။ 

ဈာပနကို နိုင်ငံတော်၏ဘဏ္ဍာငွေမှ အပြည့်အဝကျခံမည်ဖြစ်သည် ဟုလည်း၎င်းကဆိုသည်။၁၉၆၇ ခုနှစ်ကလည်း ဝန်ကြီးချုပ်ဟောင်းတစ်ဦး၏ ဈာပနအတွက်နိုင်ငံ့ဘဏ္ဍာမှအသုံးပြုဖူးသော်လည်း နောက်ပိုင်းတွင်မူ ဈာပနအဆက်ဆက်ကို နိုင်ငံတော်ကတစ်ဝက် LDP ကတစ်ဝက်စနစ်ဖြင့်ပြုလုပ်ခဲ့ကြသည်။

သို့သော် ယခုအခါနိုင်ငံ့ဘဏ္ဍာကို အလုံးစုံသုံးမည်ဟူသောအစီအစဉ်က အခြေနေတွေကိုမငြိမ်မသက်ဖြစ်စေခဲ့သည်။တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံးအနီးတွင် လူ ၂၀၀ ခန့်က အဆိုပါဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး ဆိုရှယ်မီဒီယာတွင်လည်းကန့်ကွက်မှုများမြင့်တက်လာခဲ့သည်ဟု ကျိုဒိုသတင်းဌာန၏ဖော်ပြချက်အရသိရှိရသည်။

ကြာသပတေးနေ့က လူပေါင်း ၅၀ သည် ယခုပွဲအတွက် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုကို ရပ်တန့်ရန် တိုကျိုတရားရုံးတစ်ခုတွင် တားမြစ်စာတင်သွင်းခဲ့ပြီး အစိုးရအနေဖြင့်ဆုံးဖြတ်ချက်မချမီ ဆွေးနွေးမှုယခုထက်ပိုမိုပြုလုပ်သင့်သည်ဟုလည်းပြောကြားခဲ့ကြသည်။

NHK မှ မကြာသေးမီက ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းတစ်ခုတွင် နိုင်ငံတော်ဈာပနကျင်းပမည့် အယူအဆကို ၄၉ ရာခိုင်နှုန်းကသာ ထောက်ခံခဲ့ပြီး အဆိုပါအကြောင်းအရာသည် ဆိုရှယ်မီဒီယာတွင်ရေပန်းစားနေခဲ့သည်။

တွစ်တာအသုံးပြုသူတစ်ဦးဖြစ်သည့် Yuko no Imogai ကမူ “ဝန်ကြီးချုပ် ကီရှီဒါကသူ့အ‌‌နေနဲ့ပြည်သူ့စကားဆို အတတ်နိုင်ဆုံးနားထောင်ဖြည့်ဆည်းတယ်လို့ပြောခဲ့တာ အခုဘာလို့အဲ့လိုမလုပ်တာလဲ” ဟုရေးသားခဲ့သည်။

အခြားသူများကလည်း တရိပ်ရိပ်မြင့်တက်လာနေသော ကပ်ရောဂါအပေါ်အစိုးရ၏ထိန်းချုပ်မှုနှင့် ယခုအစီစဉ်ကိုချိန်ထိုးနှိုင်းယှဉ်ကာပြောဆိုခဲ့ကြသည်။

“သူတို့က ကပ်ရောဂါနဲ့ပတ်သက်ပြီး ဘာမှ မလုပ်တော့ဘဲ ဒီကိစ္စကိုဒီလောက်မြန်မြန်ဆန်ဆန် ဆုံးဖြတ်ဖို့ဘယ်လိုများလုပ်ကြတာလဲ” ဟုတွစ်တာအသုံးပြုသူ ‘Heron’ ကလည်းပို့စ်တင်ခဲ့သည်။ဆက်လက်၍လည်း ၎င်းက”အခုနာရေးမှာ သုံးမဲ့ပိုက်ဆံတွေယူပြီးကိုဗစ်အတွက်ပဲသုံးစေချင်ပါတယ်” ဟုလည်းဆိုသည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071