ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားအဆင်းတွင် ကုန်တင်ယာဉ် (၁)စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယနေ့ မေလ(၆)ရက် နံနက် (၁၀)နာရီ (၄၈)မိနစ်အချိန်က လောင်ကျွမ်းခဲ့ပြီး အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဒညင်းကုန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ ငြှိမ်းသတ်ခဲ့သည်။
“ကားက စက္ကူဂျပ်ဖာတွေ တင်လာတဲ့ ကုန်တင်ကားလို့ပြောရမယ်ထင်တယ်။ ကားပေါ်ကနေ စက္ကူဖာတွေကို အောက်ချပြီး အချိန်တော်တော်ကြာ မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်နေတာတွေ့ခဲ့ရတယ်။”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ရာတွင် နံနက် (၁၀)နာရီ (၅၈)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတဝန်း ၂၀၂၄ ခုနှစ်၊ မေ(၆)ရက်အထိ ယာဉ်မျိုးစုံ မီးလောင်မှု အကြိမ်ရေ (၄၀)နီးပါး ဖြစ်ပွားခဲ့ပြီးဖြစ်ကြော င်း မီးသတ်တပ်ဖွဲနှင့် ဒေသတွင်း သတင်းများအရ သိရသည်။
