ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်(၄)ရပ် ကွက်နှင့် ကျေးရွာ(၁)ရွာတွင် ယနေ့ မေ ၂၈ ရက်ညပိုင်းက လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ကအသိပေးထားသည်။
ရွှေပြည်သာမြို့နယ်၊ ကျူချောင်ခွဲရုံရှိ (၃၃/၁၁)ကေဗွီ (၁၀)အမ်ဗွီအေ ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးထားသော ၁၁ ကေဗွီ ကျူချောင်ပတ်လမ်းဖီဒါ၏ Circuit Breaker သည် ည ၆ နာရီ ၂၀ မိနစ်ခန့်တွင် အ ပြစ်ဖြစ်ပေါ်ခဲ့သည်။
ယင်း ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် ရွှေပြည်သာမြို့နယ်ရှိ ၁၃ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ၁၉ ရပ်ကွက်၊ ၂၀ ရပ်ကွက်နှင့် ဝါးတရာကျေးရွာတို့တွင် လျှပ်စစ် ဓာတ်အားယာယီပြတ်တောက်လျက်ရှိ၍ ဓာတ်အားအမြန်ပြန်လည်ရရှိနိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်းများက အချိန်နှင့်တပြေးညီစစ်ဆေးပြုပြင်လျက်ရှိကြောင်း သိရသည်။
