ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ အောက်တိုဘာ ၇ ရက်ည ၈ နာရီ ၂၄ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရာဇာဓိရာဇ် လမ်းရှိ နေအိမ်မီးလောင်မှုဖြစ်ပွား၍ ရွှေပြည်သာမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအ သင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး ည ၈ နာရီ ၃၈ မိနစ်တွင် Level 1 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ည ၈ နာရီ ၄၈ မိနစ်၌မီးထိန်းနိုင်ခဲ့ကာ ည ၈ နာရီ ၅၆ မိနစ်တွင်မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင် ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ် ဆေးလျက်ရှိကြောင်း သိရသည်။
