ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရွှေပြည်သာစက်မှုဇုန် (၃)တွင် ယနေ့ အောက်တိုဘာ ၂၁ ရက်နံနက် ၉ နာရီခန့်က ကား(၂)စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၃)၊ ဦးရွှေဘင်လမ်းနှင့် ဦးရွှေအိုးလမ်းထောင့်တွင် ကား(၂)စီးတိုက်မိကာ ကားခေါင်းခန်းအတွင်းလူညပ်နေသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကားခေါင်းခန်းအတွင်းညပ်နေသူအား ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် ကနောင်လူမှုကယ်ဆယ်ရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
