Wednesday, April 23, 2025

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်...

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...

ထိုင်းကပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကွယ်လွန်သည့်အတွက်ဝမ်းနည်း

ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို...
HomeNewsLocal Newsရွှေတြိဂံဒေသအတွင်းသို့ ထိန်းချုပ်ဓာတုပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး...

ရွှေတြိဂံဒေသအတွင်းသို့ ထိန်းချုပ်ဓာတုပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး စီမံချက်ဖြင့် စစ်ဆေး‌ဖော်ထုတ်လျက်ရှိရာ ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ နှင့် အခြားဓာတုပစ္စည်း ၆၃ ဒသမ ၅၅ တန်ကျော် ဖမ်းဆီးရမိ

ရန်ကုန်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ တင်ပို့နေသည့် ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်း ၆၃ ဒသမ ၅၅ တန်ကျော် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ (၁၉) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ရွှေတြိဂံဒေသအတွင်းသို့ ဓာတုပစ္စည်းများ နည်းမျိုးစုံဖြင့် ဝင်ရောက်၍ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများ မရှိစေရေးအတွက် မြန်မာ-လာအို-ထိုင်း (၃) နိုင်ငံပူးပေါင်း၍ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု၊ တရားဝင်သယ်ဆောင် ရောင်းဝယ်ခွင့်ရယူပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာနယ်ပယ်များသို့ တရားမဝင်သယ်ဆောင်မှုတို့ ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် (၇) နာရီခွဲအချိန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး – လွိုင်လင်သွားကားလမ်း၊ (၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သတင်းအရ တောင်ကြီးမှ လွိုင်လင်ဘက်သို့ ဇော်ဌေးအောင် မောင်းနှင်ပြီး အာကာ လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်တွင် အချိုရည်ကတ်များဖြင့်ဖုံး အုပ်၍ တရားမဝင်သယ်ဆောင်လာသော သံပီပါ(၈၀)လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Sulfurous Dichloride ၁၂ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီလ (၁၅) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် အဆိုပါ (၄) မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်ပင် တောင်ကြီးဘက်မှ လွိုင်လင်ဘက်သို့ မျိုးအောင် မောင်းနှင်ပြီး ပြည့်ဖြိုးအောင် လိုက်ပါလာသော (၂၂)ဘီးတွဲယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် စည်သူအောင်မောင်းနှင်ပြီး တင်အောင်ဝင်း လိုက်ပါလာသည့် (၂၂)ဘီးတွဲယာဉ်တို့ (၂) စီးပေါ်တွင် အုတ်နီခဲများဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင်လာသော ပလတ်စတစ်ပီပါ (၁၁၉)လုံးဖြင့် ထည့်လျက် ဓာတုပစ္စည်း Benzyl Cyanide ၁၇ ဒသမ ၈၅ တန်နှင့် Caustic Soda ၆ ဒသမ ၇၅ တန်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

စစ်ဆေးမေးမြန်းရာ ဖမ်းဆီးရမိ ဓာတုပစ္စည်းများ တာဝန်ခံသယ်ဆောင်သူမှာ ဇော်လင်းစိုး ဆိုသူဖြစ်ပြီး ၎င်းအား ယင်းနေ့ ဇန်နဝါရီ (၁၉) ရက် မွန်းတည့် ၁၂ နာရီအချိန် တောင်ကြီး-ဟိုပုံးသွားကားလမ်း၊ ဟိုပုံးမြို့အဝင်တွင် PAJERO မော်တော်ယာဉ် (၁) စီးနှင့်ဖမ်းမိခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်သူ မြတ်သူအား ညနေ (၃) နာရီအချိန် အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ (၁၅) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်တွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မျိုးကျော်(ခ)အားမီ မောင်းနှင်ပြီး ရွှေမင်းဦး (ခ)ကောင်းထက် လိုက်ပါလာသည့် FUSO ၁၂ ဘီးမော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသော ဓာတုပစ္စည်း SODIUM HYDR OHIDE, ANHYDROUS(NaOH) ၁၄ ဒသမ ၉၅ တန် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းကွင်းဆက်အရ ဆက်လက်ဆောင်ရွက်ရာ ဇန်နဝါရီလ (၁၆) ရက်၊ နံနက် (၆) နာရီအချိန်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာရှိ စစ်ဆေးရေးစခန်းအနီးတွင် သာစည်ဘက်မှ တောင်ကြီးမြို့ဘက်သို့ ချစ်တိုင်းအောင် မောင်းနှင်ပြီး ကျော်ဇင်ခက် လိုက်ပါလာသည့် NISSAN (၁၂)ဘီး မော်တော်ယာဉ်ပေါ်တွင် သံပီပါ(၅၀)လုံးဖြင့်ထည့်လျက် တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း Toluene ၃ တန်၊ Methylamine ၄ ဒသမ ၅ တန်တို့ကို သိမ်းဆည်းရမိခဲ့သည်။

စုံစမ်းစစ်ဆေးချက်သတင်းများအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အင်းစိန်မြို့နယ်၊ ရွှေပြည်သာ၊ စက်မှုဇုန်(၃)၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ စိုင်းခေးလှိုင် အား တွေ့ရှိပြီး ဂိုဒေါင်အတွင်း တရားမဝင် သိုလှောင်ထားရှိသည့် သံပီပါ (၃၀)လုံးဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း Tolu ene ၄ ဒသမ ၅ တန် ထပ်မံ ဖမ်းဆီးရမိခဲ့သည့်အတွက် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ၆၃ ဒသမ ၅၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရပြီး လက်ရှိအချိန်တွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့် ဆေးဝါးများလှူဒါန်း

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရိုင်အတွင်း အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများထဲတွင် ရုရှားတပ်ဖွဲ့တစ်ဖွဲ့မှ တပ်သားများ၊ရွာ ၇ ရွာနှင့် နွေရာသီအပန်းဖြအိမ် ၁၂ လုံးမှပြည်သူများပါဝင်သည်ဟုသိရသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများကို လိုအပ်သည့်အရာအားလုံးကိုထောက်ပံ့ပေးထားပြီး အများစုသည် ယာယီစခန်းများ၌နေနေကြသော်လည်း အချို့ကမူ ဆွေမျိုးများထံသွားနေနေကြသည်ဟုလည်း အာဏာပိုင်များကဆိုသည်။ ‌ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ လက်နက်သိုလှောင်ရုံ၌ မီးလောင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ပေါက်ကွဲစေသောပစ္စည်းများနှင့်လုပ်ကိုင်နေစဉ်အတွင်း လုံခြုံရေးစီမံချက်များပေါ့လျော့ခြင်းကြောင့်လည်းပါသည်ဟုဆိုသည်။ Source : ရှင်းဟွာ

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI ဗီဒီယိုဂျင်န‌ရေတာကို မိတ်ဆက်

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး ဗီဒီယိုထုတ်လုပ်သည့် မိုဒယ်များကို ယှဉ်ပြိုင်မှုတွင် ပိုမိုပြင်းထန်လာသော အချိန်တွင် “ကမ္ဘာ့စွမ်းအားအကြီးဆုံး” ဟု ကြွေးကြော်ခဲ့သည်။ “ဒါက ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး ဗီဒီယိုဖန်တီးမှုမျိုးဆက် မိုဒယ်ဖြစ်ပါတယ်” ဟု Kuaishou အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဂိုင်ခွန်က ပေကျင်းတွင်ကျင်းပသည့် ကော်ပိုရိတ်အစည်းအဝေးပွဲတစ်ခုတွင် Kling AI 2.0 ကို မိတ်ဆက်ရာတွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် Kling...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071