(Unicode)
ရွှေတိဂုံစေတီတော်အား ဖူးမြော်ခွင့်အချိန်ထပ်တိုး

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများစိတ်အေးချမ်းသာစွာဖူးမြော်နိုင်စေရန် ဖူးမြော်ခွင့်အချိန်အားထပ်တိုးလိုက်သည်။
ဖူးမြှော်ခွင့်အချိန်အား ယခင်ကနေ့စဥ် နံနက် ၆ နာရီမှာညနေ ၆ နာရီအထိသတ်မှတ်ထားရာမှ အောက်တိုဘာ ၃၀ ရက်မှစတင်၍ နေ့စဥ်နံနက် ၅ နာရီမှညနေ ၆ နာရီအထိထပ်တိုးလိုက်ခြင်းဖြစ်သည်။
ကိုဗစ်(၁၉)ဖြစ်ပွားမှုနှုန်းများနေသည့် အချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြှော်ခွင့်ပိတ်ထားခဲ့ပြီး ရောဂါပါးလာချိန်၌ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖူးမြော်ခွင့်ပြုခဲ့သည်။
(Zawgyi)
