ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ဂေါပကအဖွဲ့ရုံးဌာနများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ၏စုပေါင်းလှူဒါန်းမှုဖြင့် (၁၄)ကြိမ်မြာက် စုပေါင်းမဟာဘုံကထိန်အလှူတော်အား ယနေ့ အောက်တိုဘာ ၂၃ ရက်နံနက်ပိုင်းက စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ် ရာဟုထောင့် အောက်ပစ္စယာရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပခဲ့သည်။
ပဒေသာပင်များအား နံနက် ၇ နာရီတွင် စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ပြီးနောက် ကထိန်အလှူခံယူတော်မူမည့် တန့်တော်မူအထက်ကျောင်းတိုက်နှင့် ဝတ္ထုကံမြေအတွင်းရှိ ကျောင်းတိုက်(၁၃)ခုတို့မှ ဆရာတော်၊ သံဃာတော်များ၊ ပင့်သံဃာတော်များအား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။
(၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တွင် ကထိန်အလှူတော်ခံယူသည့် တန့်တော်မူအထက်ကျောင်းတိုက်အား ငွေကျပ်(၁၅,၈၀၅,၂၀၀)သိန်းတန်ဘိုးရှိ ပဒေသာပင်များနှင့် ဝတ္ထုကံမြေအတွင်းရှိ ကျောင်းတိုက်(၁၃)ခုအား ငွေကျပ်(၁၈,၅၁၁,၀၀၀)တန်ဘိုးရှိ ပဒေသာပင်များလှူဒါန်းခဲ့သည်။
