Wednesday, April 30, 2025

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ...

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...

အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုတစ်စုကိုတစ်လစာအတွက် စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သား နှုန်းဖြင့် ပစ္စည်းရောက်ငွေချေ စနစ်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...
HomeNewsLocal Newsရွှေတစ်ကျပ်သား (၂၇) သိန်း...

ရွှေတစ်ကျပ်သား (၂၇) သိန်း အောက်သာ ရောင်းချရန် ညွှန်ကြားမှု အမှန်တကယ် အရောင်းအဝယ် ပြုလုပ်နိုင်သည့်အခြေအနေရှိရန် လိုအပ်ဟုဆို

ရွှေဈေးကွက်အတွင်း၌ တစ်ကျပ်သား ၂၇သိန်း အောက်ဖြင့်သာရောင်းချရန် သက်ဆိုင်ရာက ညွှန်ကြားထားပြီး အမှန်တကယ် အရောင်းအဝယ်ပြုလုပ်နိုင်သည့်အခြေအနေဖြစ်ရန် လိုအပ်ကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူအချို့က သုံးသပ်သည်။

လက်ရှိတွင် ယင်းသို့သတ်မှတ်သော်လည်း ဈေးကွက်အတွင်း၌ ၂၈ သိန်းအထက်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

” ၂၇ သိန်းအောက် ရောင်းဖို့ဆိုတာကတော့ တကယ်ကို တကယ်ဝယ်ရောင်း လုပ်လို့ရမှ အဲဒီဈေး ဖြစ်မှာပေါ့နော်။ တကယ် ဝယ်ရင် အဲဒီဈေးရမှာလား၊ တကယ်ကို ရောင်းရင် အဲဒီဈေးရမှာလားပေါ့နော်။ ပြောတဲ့သူတွေကတော့ သူတို့အသင်းအဖွဲ့တွေက ပြောကြတယ်ပေါ့နော်။ သူတို့ဆီမှာ တကယ်၂၇သိန်းဈေး ဝယ်လို့ရမှပဲ ဒါဝယ်တဲ့ဈေး ဖြစ်မှာပေါ့နော်။ တကယ်အရောင်းအဝယ် လုပ်လို့ရတဲ့ဈေး ဖြစ်မှပဲ အဆင်ပြေမှာပေါ့နော်” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဈေးကွက်အတွင်း ရွှေဈေးမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ရန်ကုန်တိုင်း ရွှေအသင်းမှ တဆင့် ‌‌အခေါက်ရွှေတစ်ကျပ်သား (၂၇) သိန်းဖြင့်သာ အရောင်းအဝယ် ပြုလုပ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ညွှန်ကြားထားသော်လည်း လက်ရှိဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေသည့် ဈေးနှုန်းမှာ (၂၈) သိန်းခွဲဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိပြီး ယနေ့ ဇန်နဝါရီ (၁၃) ရက်တွင်လည်း အဆိုပါ ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို ‌‌စစ်ဆေးမှုများ လိုက်လံဆောင်ရွက်နေပြီး (၂၇) သိန်းအထက်ရောင်းချသည့် ရွှေဆိုင်များကို လိုင်စင်ပိတ်သိမ်းကာ အမည်ပျက်စာရင်း ကြေညာသည်အထိ အရေးယူသွားမည်ဟုလည်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူး(စ်) သို့ ပြောကြားထားသည်။

ပြင်ပဈေးကွက်အတွင်း၌ ကောလာဟလ သတင်းများ ဖြန့်ကာ ရွှေဈေးကစားရန် ကြိုးပမ်းမှုများ ရှိနေပြီး ယင်းသို့ မလုပ်ဆောင်ရန်လည်း ရန်ကုန်ရွှေအသင်းက ပြီးခဲ့သည့် ရက်ပိုင်းကပင် မေတ္တာရပ်ခံထားသည်။

ယခုကဲ့သို့ ပြည်တွင်း ရွှေဈေးကွက် မတည်မငြိမ်ဖြစ်နေခြင်းမှာ ကောလာဟလသတင်းများအပြင် ကမ္ဘာ့ရွှေဈေး အပြောင်းအလဲနှင့်လည်း သက်ဆိုင်နေကြောင်း ရွှေလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

” အကြောင်းအချင်းအရာတွေကတော့ ရှိတာပေါ့လေ။ လူတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ကောလာဟလတွေနဲ့ ဝယ်လိုအားကို ဆွဲတင်နေတာပေါ့။ ကမ္ဘာ့ဈေး တက်တယ် ၊ နိုင်ငံရေးအပြောင်း အလဲဖြစ်မယ်တို့ ၊ လစာတိုးမယ်တို့ ၊ နောက်တစ်ခါ ကမ္ဘာစစ်ဖြစ်တော့မယ်ပေါ့ ။ စသဖြင့် အမျိုးမျိုးတွေနဲ့ ဈေးကစားဖို့ လုပ်နေတဲ့သူတွေ ရှိတာပေါ့” ဟု ရွှေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ယနေ့ ဇန်နဝါရီ (၁၃) ရက် ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၂၃၂၀၀၀ ကျပ် ဖြစ်ပြီးကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၈၉၉ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းခြေစမ်းပွဲစဉ်အတွင်း (၃) ပွဲကစားရမည်ဖြစ်ရာ မေ (၁) ရက်တွင် Thammasat Stallions အသင်းနှင့်လည်းကောင်း၊ မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် လည်းကောင်း ‌ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရဦးမည်ဖြစ်သည်။ အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071