ကမ္ဘာ့ရွှေဈေးအကျဘက်တွင်ရှိနေသည့်အတွက် အဝယ်သမားများစောင့်ကြည့်နေပြီး ရွှေဈေးအတက်ကို စောင့်နေသူများကြောင့် ဈေးကွက်အတွင်းအရောင်းအဝယ်နေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
“ရွှေဆိုင်တွေက မှတ်ပုံတင်တော့တင်နေကြတယ်၊ အရောင်းအဝယ်ကတော့အေးတယ်၊ ကမ္ဘာ့ဈေးကကျနေတယ်၊ လူတွေကဈေးကျနေတယ်ဆိုတော့ စောင့်နေတာပေါ့၊ ကမ္ဘာ့ဈေးတက်ရင် တက်မယ်ဆိုပြီးတော့ လုဝယ်ပြန်ရော၊ အဲဒီလိုဖြစ်နေတယ်၊ အရောင်းအဝယ်ကတော့အေးတယ်။ တချိုဆိုင်တွေဆိုရင် ဈေးဦးတောင်မပောက်ဘူး၊ တချိုဆိုင်တွေကျတော့လည်း ရောင်းရပါတယ်၊ အလှူအတန်း၊မင်္ဂလာဆောင်တွေရှိတဲ့အခါကျတော့ ရောင်းရတယ်”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ယနေ့ ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၃၉ ကျပ်ဖြစ်ပြီး အသင်း၏ ကြမ်းခင်းရည်ညွှန်းဈေးနှုန်းမှာလည်း ကျပ် ၂၁၆၆၅၀၀ ရှိကြောင်း သိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးကျနေသော်လည်း အမေရိကန်ငွေလဲနှုန်းမှာ ပြင်ပငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ၂၈၈၀ ဝန်းကျင်ရှိနေပြီး ပြင်ပရွှေဈေးကွက်မှာလည်း အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားလျှင်ကျပ် ၂၈၄၃၀၀ ဖြင့်ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေဆိုင်များနှင့် ရွှေကုန်သည်များအနေဖြင့် မီးလင်းရွှေတစ်ကျပ်သားလျှင် ၂၇၉၀၀၀၀ ကျပ်ဖြင့် ရောင်းချရန် အသိပေးထုတ်ပြန်ထားကြောင်းလည်း သိရသည်။

