ကမ္ဘာ့ရွှေဈေးနှုန်းကျသော်လည်း ပြည်တွင်းရွှေဈေးမြင့်တက်နေသေး
ပြင်ပ ရွှေစျေးကွက်နှင့် ဒေါ်လာဈေးကွက်အတွင်း ဈေးနှုန်းအမြင့်ပိုင်းဖြင့်ငြိမ်နေပြီး လက်ရှိပေါက် ဈေးများမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၅၄၀၀၀၀ နှင့် တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်းကျင်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရွှေဈေးမြင့်တက်နေမှုကြောင့် ဈေးကွက်အတွင်းအရောင်း အဝယ်အေးနေပြီး အဝယ်ထက်အရောင်းပိုများနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားထားသည်။အဝယ်ကို ၆ သောင်း ခွာထားကြောင်းသိရသည်။
ကမ္ဘာ့ရွှေစျေးမှာ တစ်အောင်စလျှင် ၁၉၃၆၄ ဒေါ်လာရှိပြီး အဆိုပါစျေးနှုန်းမှာ ယခင်ရက်များက စျေးနှုန်းများထက် ၁၀ ဒေါ်လာခန့် ကျဆင်းလာခြင်းဖြစ်ပြီး ယင်းကဲ့သို့ကမ္ဘာ့ရွှေဈေးနှုန်းကျသော်လည်း ပြည်တွင်းရွှေဈေးမြင့်တက်နေမှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် လလယ်ပိုင်းကအထိ ပြည်တွင်းရွှေစျေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် (၃၂) သိန်းကျပ် နီးပါးဖြင့် အရောင်းအဝယ်ပြုလုပ်နေရာမှ ကျပ်၂၀,၀၀၀ တန် ထုတ်ဝေမှုသတင်းကြောင့် ဇူလိုင် (၂၃) ရက်နောက် ပိုင်းတွင် ရွှေဈေး ခုန်တက်ခဲ့ခြင်း ဖြစ်သည်။
အလားတူ နိုင်ငံခြားငွေလဲလှယ်သည့် စျေးကွက်အတွင်း၌လည်း ကျပ် ၂၀,၀၀၀ တန်ထုတ်ဝေသည့် သတင်းကြောင့် စျေးမြင့်တက်လာခဲ့ရာ ယနေ့တွင် ပြင်ပစျေးကွက်၌ အမေရိကန် တစ်ဒေါ်လာလျှင် ၃၃၈၀ ကျပ်၊TT ၃၃၄၅ ဖြင့် အရောင်း အဝယ်ပြုလုပ်နေကြောင်း သိရသည်။
အခြားနိုင်ငံခြားငွေ လဲနှုန်းများလည်း မြင့်တက်လျက်ရှိရာ ယနေ့ ဩဂုတ် (၈) ရက်တွင် ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် ၉၇.၅၆ ကျပ်ရှိကြောင်း သိရသည်။