မကွေးတိုင်း ၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်အတွက် တည်းခိုဆောင်နှင့် အထွေထွေအရပ်ရပ်လုပ်ငန်းအတွက် မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့မှ တင်ဒါခေါ်ယူထားကြောင်း သိရသည်။
မန်းရွှေစက်တော်ရာ ဘုရားကြီး၊ ဗုဒ္ဓပူဇနိယ ပွဲတော်အား ၂၀ ၂၆ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်မှ ဧပြီလ (၁၇) ရက် အထိ (၈၆) ရက်တိုင် ကျင်းပသွားမည်ဖြစ်သည်။
ပွဲတော်ကာလအတွင်း တင်ဒါလုပ်ငန်း လုပ်ကိုင်ခွင့်များကို ဒီ ဇင်ဘာလ (၈) ရက်မှ (၁၈) ရက်အထိ မင်းဘူးမြို့၊ ဂေါပကရုံးတွင် သတ်မှတ်ပုံစံဖြင့် လျှောက်ထားရန် နိုင်ငံပိုင်သတင်းစာမှတဆင့် ဖိတ်ခေါ်ထားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၀) ရက်တွင် တည်းခိုဆောင်တင်ဒါဖွင့်ပွဲအား နံနက် (၁၀) နာရီတွင်လည်းကောင်း၊ အထွေထွေအရပ်ရပ်လုပ်ငန်းများအား (၂၁) ရက် နံနက် (၁၀)နာရီတွင်လည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
