Sunday, November 9, 2025

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃)...

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင်...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်...

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...
HomeNewsLocal Newsရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းဖွင့်လှစ်ရာ၌ ယခုနှစ်တွင် ဆင်လိမ်မာလေးများ၏...

ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းဖွင့်လှစ်ရာ၌ ယခုနှစ်တွင် ဆင်လိမ်မာလေးများ၏ ကပြဖျော်ဖြေမှုကို ထည့်သွင်းသွားမည်

မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်၊မန်းရွှေစက် တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းဖွင့်လှစ်ရာ၌ ယခုနှစ်တွင် ဆင်လိမ်မာလေးများ၏ ကပြ(အလှပြ)ဖျော်ဖြေဧည့်ခံမှုအစီအစဥ်အား ထည့်သွင်းသွားမည်ဟု ဆင်စခန်းမှသိရသည်။

ရွှေစက်တော်မန်းချောင်းဆင်စခန်းအား ယခုနှစ်တွင် မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့်အတူ တစ်ဆက်တည်းဖွင့်လှစ်သွားမည်ကြောင်း သိရသည်။

“ဆင်စခန်းကအမြဲဖွင့်ထားတယ် ရွှေစက်တော်ဘုရားပွဲတော်ချိန်မဟုတ်တဲ့အတွက် လာတဲ့သူနည်းတယ် ဘုရားပွဲတော်ချိန်ဆိုရင်တော့ လာတဲ့လူများပါတယ် ဒီနှစ်မှာတော့ ဆင်လိမ်မာလေးတွေရဲ့ ကပြ(အလှပြ)ဖျော်ဖြေဧည့်ခံတဲ့အစီအစဉ် (Elephant Show)ကို ထည့်သွင်းသွားမှာပါ”ဟု ရွှေ စက်တော်မန်းချောင်းဆင်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ရွှေစက်တော်မန်းချောင်းဆင်စခန်းသို့ လာရောက်အပန်းဖြေသူများအတွက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန်၊ ခရီးတိုဆင်စီး၍ သဘာဝရှုခင်းများကြည့် ရှုခံစားနိုင်ရန်နှင့်မန်းချောင်းဘေးတွင် ဆင်များနှင့်အတူ ရေချိုးအပန်းဖြေအနားယူနိုင်ရန် ယာယီတံတား၊တဲကျောင်းနှင့်အလှဆင်ခြင်းများအား ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေစက်တော်မန်းချောင်းဆင်စခန်းအား နေ့စဉ် နံနက် ၇ နာရီမှည ၆ နာရီအထိဖွင့်လှစ်ထားပြီး ဆင်စခန်း၌ ဆင်ထီး ၄ ကောင်၊ဆင်မ ၇ ကောင် (စုစုပေါင်း ၁၁ ကောင်)ရှိကာ ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ခရီးတိုဆင်စီးခအနေဖြင့် ပြည်တွင်းခရီး သွားတစ်ဦးလျှင် ၅၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

“ဆင်စခန်းမှာ တည်းခိုဆောင်အနေနဲ့ ဘန်ဂလို ၁၁ လုံးရှိပါတယ် ငှားရမ်းခ တစ်ရက်ကို ၃၀၀၀၀ ကျပ်သတ်မှတ်ထားပါတယ်”ဟု ရွှေစက်တော်မန်းချောင်းဆင်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်းအား ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအ တွင်း၌ တောတောင်ရေမြေနှင့်စိမ်းစိုသာယာလှပသည့် သဘာဝရှုခင်းအလှများကိုအခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊မင်းဘူးသစ်ထုတ်ရေးဒေသ၊ဆင် ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြုခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်ရန်နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃) တိုင်းနှင့် ပြည်နယ် (၂) ခုတွင် မိုးကြီးနိုင်ဟု မိုး/ဇလအသိပေး

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင် ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ တရားမဝင်ကုန်စည်သယ်ဆောင်သည့် ဂိတ်များနှင့် ဂိုထောင်/ အဆောက်အဦးများအား တပ်မတော်မှ ရှင်းလင်းနေသည့် မြင်ကွင်းများ

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား တပ်မတော်မှတာဝန်ရှိသူများ ဦးဆောင်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်အတွင်းရှိ သောင်ရင်းမြစ်ကမ်းအနီးမှ အောင်ပါဝါဂိတ်အား မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေ ဦးဆောင်သည့် တပ်မတော်မှတာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့သည်ကို တွေ့ရသည်။ နောက်ရက်များတွင်လည်း သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ ဖယ်ရှားရှင်းလင်းရန် ကျန်နေသည့် တရားမဝင် ကုန်စည်သယ်ဆောင်ရာ ဂိတ်များအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071