ထိုင်း – မြန်မာ နယ်စပ်၊ မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ ကျူးလွန်ခဲ့ပြီး အဆောက်အအုံများ၊ လမ်းဆုံ လမ်းခွများ၌ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေထိုင်လျက်ရှိကြသည့် တရားမဝင်ပြည်ပနိုင်ငံသား (၁၉၅) ဦးတို့အား ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းတို့သည် တရုတ်နိုင်ငံသား (၁၈၁) ဦး၊ မလေးရှားနိုင်ငံသား (၆) ဦး၊ ကင်ညာနိုင်ငံသား (၁) ဦး၊ ဖိလစ်ပိုင်နိုင်ငံသား (၂) ဦး၊ ဆီးရီးယားလီယွန်နိုင်ငံသား (၂) ဦး၊ မာလဝီနိုင်ငံသား (၁) ဦး၊ တရုတ် (တိုင်ပေ) မှ (၂) ဦး ၊ စုစုပေါင်း (၁၉၅) ဦး ဖြစ်ကြောင်း သိရသည်။
အလားတူ မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် အဆောက်အအုံ (၉) လုံးကိုလည်း ထပ်မံဖြိုချဖျ-က်ဆီးခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။
ထိုသို့ဖြိုချဖျ-က်ဆီးပြီး ဖြစ်သောကြောင့် KK Park နယ်မြေအတွင်းရှိ အပိုင်း (၃) ပိုင်းတွင် တရားမဝင်အဆောက်အအုံ စုစုပေါင်း (၆၃၅) လုံးရှိသည့် အနက် (၂၄၆) လုံးကို ဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကို အများဆုံးကျူးလွန်လျက်ရှိသည့် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်းနေခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ – MOI
