Saturday, February 8, 2025

၂၀၂၅ ဆီးဂိမ်း ယူ -၂၂...

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့်...

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍...

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို...

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆ သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ...
HomeNewsLocal Newsရွှေကုက္ကိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်...

ရွှေကုက္ကိုက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်နှင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနပြော

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုကျေးရွာတွင် ဖြစ်ပွားနေသည့် ဝမ်းရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ရွှေကုက္ကို အပါအဝင် မန္တလေး၊ လပွတ္တာနှင့် ဒေသအချို့တွင် ဝမ်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေသည့်အပေါ် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ‌ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်ညှိနှိုင်း၍ ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆိုသည်။

ထို့ပြင် နယ်စပ်ဒေသဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဌာန်းချက်(IHR 2005) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်လည်း အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

ထိုင်း – မြန်မာနယ်စပ်ဖြစ်သည့် မြဝတီမြို့နယ် ၊ ရွှေကုက္ကိုကျေးရွာ သီတဂူချစ်သူဆေးရုံသို့ ဒီဇင်ဘာလ (၁၇)ရက်မှ (၂၃)ရက်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့သူ စုစုပေါင်း (၁၀၄)ဦးရှိခဲ့ပြီး ဒီဇင်ဘာ (၂၃)ရက်တွင် ဆေးရုံတက်ရောက်ဆဲလူနာ (၁၉)ဦးသာ ကျန်ရှိတော့ပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ ဝမ်းရောဂါဖြစ်ပွားသူများအနက်မှ ဒီဇင်ဘာ (၁၉) ရက်တွင် လူနာတစ်ဦး ‌ေ-သဆုံးခဲ့ပြီး အဆိုပါလူနာသည် နှလုံးရောဂါအခံရှိသူ ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ သိရသည်။

လက်ရှိတွင် မြဝတီမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြင့်တင်ဆောင်ရွက်နေပြီး ရွှေကုက္ကိုနှင့် မြဝတီမြို့နယ် များတွင်ပညာပေး Vinyl ပိုစတာများကို ထုတ်ဝေ ဖြန့်ဖြူးခြင်း၊ ပြည်နယ်အစိုးရအဖွဲ့ထံ သတင်းပေးပို့၍ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ရွှေကုက္ကိုသီတဂူချစ်သူဆေးရုံသို့ လိုအပ်သည့် ဆေးနှင့်ဆေးဝါးများကို အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် မြဝတီ-ဘားအံ လမ်းကြောင်းတစ်လျှောက်ရှိ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ဘားအံမြို့နယ် များတွင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အထူးအလေးထား ဆောင်ရွက်ရန် ညွှန်ကြားထားကာ လိုအပ်ပါက ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအား ကွင်းဆင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိပြီး မြဝတီဆေးရုံတွင် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို စုပုံထားရှိကာ ရောဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့များမှ တောင်းခံသည့် ပမာဏအတိုင်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

အကယ်၍ လိုအပ်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြဝတီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာနှင့် ဆက်စပ်လျက်ရှိသော မြဝတီမြို့နယ်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်များတွင်လည်း ရောဂါဖြစ်ပွားနိုင်ချေ မြင့်မားသောလူအုပ်စုများအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV)တိုက်ကျွေးနိုင်ရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ရွှေကုက္ကိုကျေးရွာ၌ ဖြစ်ပွားနေသည့် ဝမ်းရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက်မှလည်း သတိထားစောင့်ကြည့်နေပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းသွားလာရေးလမ်းကြောင်းဖြစ်သည့် လှေ‌လမ်းကြောင်းကို တစ်လကြာပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒေသအာဏာပိုင်များက ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅ ဆီးဂိမ်း ယူ -၂၂ အမျိုးသား ဘောလုံးအသင်း ကစားသမားများ ရွေးချယ်မည်

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရွေးချယ်ရာ၌ လက်ရှိ မြန်မာ ယူ- ၂၂ ကစားသမားများအပါအဝင် (၅)ကြိမ်မြောက် အမျိုးသားအား ကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းနှင့် ပြည်နယ် ၊ ဝန်ကြီး ဌာနအသင်းများမှ ကစားသမားများကိုပါ ထည့်သွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (၅) ကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အတွင်း ပါဝင်ခဲ့သည့် တိုင်းနှင့် ပြည်နယ်ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေမည်

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုပြီး တစ်ရက်အကြာ တာချီလိတ်မြို့တွင် လာအိုဘက်က (၁၃)မဂ္ဂါဝပ်သာ ရောင်းချပေးမည်ဟု အကြောင်းပြန်လာခြင်းကြောင့် ယင်းသို့အုပ်စု(၂)စုခွဲ၍ အလှည့်ကျပေးဝေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ "ကော်မတီက ဝယ်ထားတာ(၃၀) မဂ္ဂါဝပ်ဗျ။ အခု (၁၃)မဂ္ဂါဝပ်ပဲ ရတော့မယ်ဆိုတော့ ပမာဏနည်းသွားတော့ အချိန်နဲ့ဖြစ်သွားတာပေါ့"ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တာချီလိတ်တွင် ယမန်နေ့ ဖေဖော်ဝါရီ (၇)ရက်မှစတင်၍ မီးပေးဝေရာတွင် လာအို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍ လူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲက ဖမ်းဆီးခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထု‌ကြေငြာခဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်တွင် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုနှင့် ဆက်စပ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် စုစုပေါင်း အမှုပေါင်း ၇၃,၀၀၀ ကို စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်တွင် အွန်လိုင်းလောင်းကစားပလက်ဖောင်း ၄,၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။ ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံအတွင်း နိုင်ငံရပ်ခြား လောင်းကစားအဖွဲ့ကြီးများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071