Tuesday, August 18, 2026

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇...

ထိုင်းနိုင်ငံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့်သေ ဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက်...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ ဆောက် လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးနေဇာကျော်သည် ဇူလိုင် ၁၅ ရက်က လုပ် ငန်းခွင်၌မတော်တဆမှုဖြစ်ပွားကာသေ...
HomeNewsLocal News‌ရွှေကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်နှင့်...

‌ရွှေကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်နှင့် ဆိုင်များကို နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် အသိပေး

ရွှေဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်နှင့် နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် YGEA က အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ နေ့စဉ်ရောင်းချရမည့် ရွှေဈေးနှုန်းကို တစ်နေ့ (၃)ကြိမ် သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ရွှေရောင်းချသည့်အခါတွင် သတ်မှတ်သည့် ဈေးနှုန်းအတိုင်း ရောင်းချရန် အသိပေးထားသည်။

ထို့ပြင် ရွှေဆိုင်များ‌အနေဖြင့်လည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြရန် အသိပေးထားပြီး ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များအား ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးရန် အသိပေးထားပြီး သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရွေဈေးသည် (၅၈)သိန်းကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်ပိုင်း ရွှေဈေး သည် ဈေးကွက်အတွင်း (၅၂) သိန်းကျော်သာ ရှိတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း ပြည်တွင်းရွှေဈေး ကျပ် (၄၁) သိန်းကျော်သာရှိရာမှ ဧပြီလတွင် ကျပ် (၄၅) သိန်းကျော်သို့ မြင့်တက်ခဲ့ပြီး မေလအလယ်မှ စတင်ကာ ကျပ်သိန်း (၅၀) ကျော်သို့ ဆက်လက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင် စစ်ကိုင်းမြို့ နယ်အတွင်း ရေကြီးရေလျှံစဥ် အိမ်ခြေ(၁၈၄)အိမ်ရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်း(၄၈)တွင်းအား ရေမှတစ်ဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေးနှင့် သောက်သုံးရေသန့်ရှင်းစိတ်ချရမှုရှိစေရေးအတွက် ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြားများဝေခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါနှင့် မြွေအန္တရာယ်အကြောင်းတို့ကိုလည်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ပျ-က်စီးခဲ့သောမိုးသီးနှံစိုက်ဧကများပြန်လည်ဖြစ်ထွန်းအောင်မြင်ရန် တိုင်းအစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးမည်ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ပြော

စစ်ကိုင်းတိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မိုးသီးနှံစိုက်ဧကအ များအပြားပျ-က်စီးခဲ့သဖြင့် ယင်း ထိခိုက်မှုများအပေါ် လိုအပ်ချက်များပြန်လည်ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဝန်ကြီးချုပ် ဦးကိုလေး ဦးဆောင်ကာ သြဂုတ် ၁၇ ရက်ကပြုလုပ်စဥ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရိုင်/မြို့နယ်များရှိ ကျေးရွာများ၌ စိုက်ပျိုးလျက်ရှိသည့် စပါး၊ ပဲစဉ်းငုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုးနှင့် စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ခင်းများထိခို-က်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးသီးနှံများအချိန်မီပြန်လည်အစားထိုးစိုက်ပျိုးရေး၊ စိုက်ပျိုးမြေများ ပြန်လည်သမန်းနိုးခြင်းများဆောင်ရွက်ရေးနှင့် ဒေသခံတောင်သူများလိုအပ်သည့် မျိုးများ၊ လယ်ယာသုံးစက် မောင်းဆီများ၊ သွင်းအားစုဓါတ်မြဩဇာများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071