Saturday, February 15, 2025

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန်...
HomeNewsLocal Newsရွှေကိုမလို၊ငွေကိုမလို၊ လေကိုသာ လိုတဲ့အချိန်ရောက်နေပြီ

ရွှေကိုမလို၊ငွေကိုမလို၊ လေကိုသာ လိုတဲ့အချိန်ရောက်နေပြီ

နေပြည်တော် ဇူလိုင် ၂၇
ကိုဗစ်(၁၉) တတိယလှိုင်း ကူးစက်မှုကို အလူးအလဲခံနေရတဲ့ မြန်မာပြည်အနေနဲ့ ရွှေကိုမလို၊ငွေကိုမလို လေကိုသာ လိုတယ်ဆိုတဲ့ အခြေအနေမျိုး ရောက်နေပြီလို့ ပရဟိတ အသင်းတာဝန်ရှိသူတွေက ညီူးညူနေကြပါတယ်။
အိမ်တိုင်း၊ရွာတိုင်း၊မြို့တိုင်းမှာ အောက်ဆီဂျင်ဆိုတဲ့ အသံတွေ ညံညံစီအောင် ထွက်ပေါ်နေပြီး အောက်စီဂျင် မရတော့လို့ ဆုံးပါးသွားရတဲ့ အသက်တွေကလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လိုအပ်နေတဲ့အောက်ဆီဂျင်ပမာဏကို အစိုးရ ဖက်ကလည်း ဝန်နဲ့အားမမျှ ဆိုသလိုမျိုး ဖြည့်တင်းနေတဲ့ ပမာဏနဲ့ လိုအပ်နေတဲ့ အခြေအနေက အများကြီးကွာခြားနေတယ်လို့ လူမှုကူညီရေးအသင်းတွေက ဝေဖန်နေကြပါတယ်။
တချိန်က လူငယ်စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ခုချိန်မှာတော့ ကိုယ်တိုင်လည်း ကိုဗစ်ကူးစက်ခံထားရပေမယ့် လူနာတွေအတွက် အောက်ဆီဂျင်ရအောင်ရှာဖွေပေးနေတဲ့ ကိုသီဟပိုင် (နေစေး)ကတော့ လတ်တလော အောက်ဆီဂျင်လိုအပ်နေတဲ့အခြေအနေကို အခုလိုရှင်းပြခဲ့ပါတယ်။
“ကျွန်တော်တို့အခု မွန်ပြည်နယ်အထိ ဆင်းပြီးအောက်ဆီဂျင်လာဖြည့်တာပါ။အိုးတွေလည်းအသင့်ယူလာပြီးကျိန်းသေ ရမယ်လို့ သေချာလို့ရောက်လာပေမယ့် အခုမရတော့ပါဘူး။လိုအပ်ချက်ဆိုတာထက် ပိုသွားပါပြီ။အောက်ဆီဂျင်က အသက် ဖြစ်သွားပါပြီ။ ခုချိန်မှာ ကျွန်တော်တို့ သဘာဝတရားရိပ်သာမှာ အောက်စီဂျင် လိုအပ်နေတဲ့သူတွေအတွက် အောက်ဆီဂျင်မပေးနိုင်တော့ပါဘူး၊ ဘဝကူး ကောင်းအောင် ဆရာတော်ရဲ့ တရားနဲ့ဘဲ ‌ကုသဖြေသိမ့်နိုင်ပါတော့မယ်”လို့ သူပါဝင်ဆောင်ရွက်နေတဲ့ သဘာဝတရားရိပ်သာရဲ့ အောက်ဆီဂျင် လိုအပ်ချက် အခြေအနေကို ကိုနေစေးက ရှင်းပြခဲ့ပါတယ်။
ဈေးကွက်အတွင်းမှာလည်း အောက်ဆီဂျင်အိုးနဲ့အရည်တွေက ဝယ်မရလောက်အောင်ဖြစ်နေပြီး ကိုဗစ်လူနာတွေအနေနဲ့ မလိုအပ်သေးဘဲ အောက်ဆီဂျင်အိုးတွေ စုဆောင်းသိမ်းဆည်း နေတာကလည်း အခုလို အောက်စီဂျင်ပြသနာကို ကြီးထွားစေတယ်လို့ ပရဟိတ အသင်းတွေ က သုံးသပ်ကြပါတယ်။
နစက အနေနဲ့ နယ်စပ်ကနေ အောက်ဆီဂျင်အရည်တွေ ကိုဆက်တိုက်တင်သွင်းခွင့်ပြုနေပေမယ့်လည်း ဆေးရုံတွေအတွက်ဘဲ လိုအပ်ချက် ကို ဦးစားပေး နိုင်ပြီး ပရဟိတအသင်းတွေအနေနဲ့ လိုအပ်သလောက်အောက်စီဂျင်ရှာမရတဲ့ အနေအထား ဖြစ်နေကြပါတယ်။
လက်တလောအနေအထားတွေအရ ပြည်ပက ဝင်လာမယ့်အောက်စီဂျင်စက်တွေနဲ့၊ ဆက်စပ်ပစ္စည်းတွေ အပါအဝင်၊ အောက်စီဂျင် အရည်တွေက လာမယ့် ဩဂုတ်လ လယ်လောက်ရောက်မှာသာ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့်အနေအထားမျိုး ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်ကူးစက်မခံရဖိုဂရုပြုဆင်ခြင်ကြပါလို့ လူမှုကူညီရေး အသင်းတွေက တိုက်တွန်းနေပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071