ဆက်လက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ အပိုင်း(၂) တွင် ပြည်သူများ မဲပေးခွင့် အခွင့်အရေးမဆုံးရှုံးစေရန် မန္တလေးမြို့၌ တိုင်းအစိုးရက နှိုးဆော်ကာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ လူစည်ကားရာနေများ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်ဖြန့်ဝေပေးခဲ့ခြင်းလည်း ဖြစ်သည်။
လက်ကမ်းဖြန့်ဝေမှုကို မဟာအောင်မြေမြို့နယ်ရှိ (၁၈)ရပ် ကွက်အတွင်း ရန် – မန်းလမ်း၊ ၃၈ လမ်းထောင့် ခရီးသွားပြည်သူများနှင့် လူစည်ကားသည့်နေရာများ၌ “ရွေးကောက်ပွဲတွင် ဒို့အတူတူမဲပေးကြမယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အပိုင်း(၂)ရွေးကောက်ပွဲ၌ မန္တလေးတိုင်းတွင် စဉ့်ကိုင်၊ကျောက်ပန်းတောင်း၊ တံတားဦး၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ဝမ်းတွင်း၊ သာစည်၊ အမရပူရ၊ မတ္တရာတို့ပါဝင်မည် ဖြစ်သည်။
