Tuesday, December 9, 2025

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ်...

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver)...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...
HomeNewsLocal Newsရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကို အလေးထားဆောင်ရွက်ရန်...

ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကို အလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကိုအလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအောင်မြင်စေရေးအတွက် လိုအပ်သည်များကို အလေးထားဆောင်ရွက်ရန်လိုကာ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာများအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် နယ်မြေခံတပ်ရင်း ၊ တပ်ဖွဲ့များက တတ်စွမ်းသရွေ့ကြိုးပမ်းဆောင်ရွက်ရမည်ဟုမှာကြားခဲ့ကြောင်း သိရသည်။

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကိုအစဉ်အမြဲဂရုပြုရန်၊ အလေးအနက်ထားဆောင်ရွက်သွားရန်၊ လုံခြုံရေးနှင့်ပတ်သက်သည့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များအားလုံးကို အမြဲမပြတ်ဆောင်ရွက်ရန်၊ မဟာဗျူဟာအရအရေးကြီးသည့် လမ်း ကြောင်းများ အားလုံးလုံခြုံချောမွေ့စွာသွားလာအသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ဆက်လက်ရှင်းလင်းတိုက်ဖျက်ရန်တို့ကိုလည်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မော်လမြိုင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒ-ဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒ-ဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကိုမေးမြန်းပြီး အားပေးစကားပြောကြားကာလိုအပ်သည်များ၊ ဆေးရုံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကြက်တောင်မယ်ကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲဝင်‌ရောင်ယှဉ်ပြိုင်နေသည့်မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာမှာ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WAR -DANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်မှာ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်ပြီး ယနေ့ ဒီဇင်ဘာ (၉)ရက်တွင် စတင်ယှဉ်ပြိုင်ကစားကြခြင်းဖြစ် သည်။ သုံးပွဲကစားသည့်အနက် ပထမပွဲစဉ်တွင် (၁၃)မှတ် (၂၁)မှတ်၊ ဒုတိယပွဲစဉ်တွင် (၂၀)မှတ်(၂၂)မှတ်ဖြင့် ရှူံးနိမ့်ခဲ့ကာ တတိ ယပွဲစဉ်တွင် (၂၁)မှတ်(၁၇)မှတ်ဖြင့်အ နိုင်ရရှိခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အသိအမှတ်ပြု နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး...

Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် “Nature’s 10” စာရင်းတွင် တရုတ် ပညာရှင် နှစ်ဦး ပါဝင်

တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် "ရေနက်ပိုင်း ရေငုပ်သမား" (Deep diver) ဟုခေါ်သော တရုတ် ဘူမိသိပ္ပံပညာရှင် ဒူမင်ရန် (Du Mengran) တို့သည် ၂၀၂၅ ခုနှစ်၏ အကြီးမားဆုံး သိပ္ပံဖြစ်ရပ်အချို့၏ ဗဟိုချက်တွင်ရှိခဲ့သည့် လူပုဂ္ဂိုလ် ၁၀ ဦးကို မီးမောင်းထိုးပြသော လန်ဒန်မြို့အခြေစိုက် Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် "Nature's 10" စာရင်း အတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည်...

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’ ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071