Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeNewsLocal Newsရွေးကောက်ပွဲအားအစစ်အမှန်မဟုတ်ကြောင်း ဝေဖန်ပြောဆိုမှုများသည် နိုင်ငံအတွက်ဒီမိုကရေစီအညွှန့်အဖူးများနှင့်...

ရွေးကောက်ပွဲအားအစစ်အမှန်မဟုတ်ကြောင်း ဝေဖန်ပြောဆိုမှုများသည် နိုင်ငံအတွက်ဒီမိုကရေစီအညွှန့်အဖူးများနှင့် ဝေစည်လာစေမည့် ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားနေခြင်းသာဖြစ်

ရွေးကောက်ပွဲအားအစစ်အမှန်မဟုတ်ကြောင်း ဝေဖန်ပြောဆိုမှုများသည် နိုင်ငံအတွက် ဒီမိုကရေစီအညွှန့်အဖူးများနှင့် ဝေစည်လာစေမည့် ရွေးကောက်ပွဲကိုနှောင့် ယှက်ဟန့်တားနေခြင်းသာဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းကကျင်းပသည့် က မ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ(GGI)ဆိုင်ရာဆွေးနွေးပွဲနှင့် မြန်မာ-တရုတ်မီဒီယာမိတ်ဆုံလက်ဖက်ရည်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရမှ နိုင်ငံသားများ၏လိုလားချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ဝိဉာဉ်ဖြစ်သော အထွေထွေရွေးကောက်ပွဲကြီးကို လာမည့် ဒီဇင် ဘာ ၂၈ ရက်မှစတင်၍ အပိုင်း(၃)ပိုင်းနှင့်ကျင်းပသွားမည်ကို ကမ္ဘာသိကြေညာထားပြီးဖြစ်သည်ဟု ပြော သည်။

” အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့မိတ်ဆွေနိုင်ငံတွေ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ တစ်ခဲနက်ထောက်ခံအားပေးမှုကိုရရှိထားပြီးဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။

ထိုသို့ ထောက်ခံအားပေးမှုရရှိထားပြီးဖြစ်သော်လည်း အချို့သည် ပုဂ္ဂိုလ်ရေးခံစားချက်ဖြင့် ၎င်းတို့ကြိုက် နှစ်သက်သည့် ပုဂ္ဂိုလ်၊ ၎င်းတို့ထောက်ခံအားပေးသည့် ပါတီဟောင်းများမပါသဖြင့် ရွေးကောက်ပွဲသည် အစစ် အမှန်မဟုတ်ကြောင်းဝေဖန်ပြောဆိုမှုများရှိနေခြင်းသည် နိုင်ငံအတွက် ဒီမိုကရေစီအညွှန့်အဖူးများနှင့် ဝေစည်လာစေမည့် ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားနေခြင်းသာဖြစ်သည်ဟု ပြောသည်။

ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကိုဖိတ်ကြား၍ လေ့လာခွင့်ပြုမည်ဖြစ်၍ ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်၍တရားမျှတမှုရှိကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့များ လေ့ လာစောင့်ကြည့်နိုင်မည်ဟု ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သော ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်များကသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကာ ပန်းပွဲတော်အား ယနေ့ ဒီဇင် ဘာ ၆ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော်ဟု တင်စားခေါ်ဝေါ်သည့် ပြင်ဦးလွင်မြို့အား ခေတ်အ ဆက်ဆက်တာဝန်ရှိများက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အနေဖြင့်လည်းတတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်ဟု ပြော သည်။ " ပြင်ဦးလွင်မြို့ကို...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး (၈) စျေးမှ စျေးကော်မတီများနှင့် တွေ့ဆုံကာ စျေးအတွင်း လက်ကမ်းစာစောင်များဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူ (၂၀၀) ဦးခန့်နှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ မဲပေးနည်းရှင်းလင်းခြင်း နှင့် လက်ကမ်းစာစောင်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071