(Unicode)
“ရွေးကောက်ပွဲအသစ်ပြန်လည်ပြုလုပ်ပြီး အနိုင်ရပါတီကိုအာဏာလွှဲ ပြောင်းပေးဖို့အတွက် ပြည်သူ များနဲ့နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ များစွာမူတည်ပြီး မိမိတို့အစိုးရတစ်ဖွဲ့တည်းနဲ့ဆောင်ရွက်လို့မရ”ဟု နစက ဥက္ကဋ္ဌပြော
ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် အမြဲတမ်းဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည့်အကြောင်းနှင့် ပတ်သက်၍ နစက ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးဆွေး နွေးမှုများအတွက် အမြဲတမ်းဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသဖြင့် ယခုအခါတွင် ညှိနှိုင်းမှုများကြောင့် မကြာမီအချိန်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများတိုးတက်ရရှိမည်ကို မျှော်လင့်သည်ဟု ပြောသည်။
“နစက ရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာ နောက်ဆုံး အချက်ဖြစ်တဲ့ လုပ်ဆောင်ဖွယ်ရာတွေကို လုပ် ဆောင်ပြီးရင် ရွေးကောက်ပွဲအသစ်ပြန်လုပ်ပြီး အနိုင်ရပါတီကို အာဏာပြန်လည်လွှဲပြောင်းပေးရန်ဖြစ်ပါတယ်”ဟုပြောသည်။
ထိုသို့ ပြုလုပ်ရာတွင် လုပ်ငန်းများအားလုံးအဆင်ပြေချောမွေ့ စေရန် ပြည်သူများနှင့်နိုင်ငံတ ကာ၏ ပူးပေါင်းဆောင်ရွက်မှုများအပေါ်တွင်များစွာမူတည်ပြီး မိမိတို့အစိုးရတစ်ဖွဲ့တည်းအနေဖြင့် ဆောင်ရွက်၍မရကြောင်း နစက ဥက္ကဋ္ဌကပြော သည်။
နစက ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့် ပထမအချက်မှစတုတ္ထအချက် အထိလုပ်ငန်းစဉ်များသည် နောက်ဆုံးလုပ်ငန်းစဉ်ချောမွေ့စွာအောင်မြင်စေရေးအတွက် လမ်းခင်းပေးထားခြင်းဖြစ်၍ လုပ်ငန်းစဉ်လေးရပ်အား ထိခိုက် အောင်ဆောင်ရွက်ပါက နောက်ဆုံးလုပ်ငန်းစဉ်အတွက် အဟန့်အတားဖြစ်စေနိုင်သဖြင့် လက်ရှိအခြေအနေတွင် မိမိတို့အနေဖြင့် မူဝါဒများပြောင်းလဲမည်မဟုတ် ဟုပြောသည်။
ထို့ပြင် နစက ဥက္ကဋ္ဌက မိမိတို့အစိုးရသည် အချိန်ကာလတိုတစ်ခုအတွင်းသာ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်သည့် အစိုးရအဖွဲ့ဖြစ်သဖြင့် ရေရှည်လုပ်ငန်းများထက် လက်တလောအ ကောင်အထည်ဖော် ဆောင်ရွက်၍ရသည်များကိုသာ ဦးစားပေးဆောင်ရွက်သွားမည်ဟုပြော သည်။
(Zawgyi)
“ေ႐ြးေကာက္ပြဲအသစ္ျပန္လည္ျပဳလုပ္ၿပီး အႏိုင္ရပါတီကိုအာဏာလႊဲ ေျပာင္းေပးဖို႔အတြက္ ျပည္သူ မ်ားနဲ႔ႏိုင္ငံတကာရဲ႕ပူးေပါင္းေဆာင္႐ြက္မႈအေပၚမွာ မ်ားစြာမူတည္ၿပီး မိမိတို႔အစိုးရတစ္ဖြဲ႕တည္းနဲ႔ေဆာင္႐ြက္လို႔မရ”ဟု နစက ဥကၠ႒ေျပာ
ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြအတြက္ အၿမဲတမ္းဖိတ္ေခၚေဆာင္႐ြက္လ်က္ရွိသည့္အေၾကာင္းႏွင့္ ပတ္သက္၍ နစက ဥကၠ႒က ျပည္ေထာင္စုအစိုးရ အဖြဲ႕အစည္းအေဝး၌ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္၍ ၿငိမ္းခ်မ္းေရးေဆြး ေႏြးမႈမ်ားအတြက္ အၿမဲတမ္းဖိတ္ေခၚေဆာင္႐ြက္လ်က္ရွိသျဖင့္ ယခုအခါတြင္ ညႇိႏႈိင္းမႈမ်ားေၾကာင့္ မၾကာမီအခ်ိန္အတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကိုက်င္းပႏိုင္ၿပီး ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္သည့္ အက်ိဳးေက်းဇူးမ်ားတိုးတက္ရရွိမည္ကို ေမွ်ာ္လင့္သည္ဟု ေျပာသည္။
“နစက ရဲ႕ေရွ႕လုပ္ငန္းစဥ္(၅)ရပ္မွာ ေနာက္ဆုံး အခ်က္ျဖစ္တဲ့ လုပ္ေဆာင္ဖြယ္ရာေတြကို လုပ္ ေဆာင္ၿပီးရင္ ေ႐ြးေကာက္ပြဲအသစ္ျပန္လုပ္ၿပီး အႏိုင္ရပါတီကို အာဏာျပန္လည္လႊဲေျပာင္းေပးရန္ျဖစ္ပါတယ္”ဟုေျပာသည္။
ထိုသို႔ ျပဳလုပ္ရာတြင္ လုပ္ငန္းမ်ားအားလုံးအဆင္ေျပေခ်ာေမြ႕ ေစရန္ ျပည္သူမ်ားႏွင့္ႏိုင္ငံတ ကာ၏ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအေပၚတြင္မ်ားစြာမူတည္ၿပီး မိမိတို႔အစိုးရတစ္ဖြဲ႕တည္းအေနျဖင့္ ေဆာင္႐ြက္၍မရေၾကာင္း နစက ဥကၠ႒ကေျပာ သည္။
နစက ၏ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္တြင္ပါဝင္သည့္ ပထမအခ်က္မွစတုတၳအခ်က္ အထိလုပ္ငန္းစဥ္မ်ားသည္ ေနာက္ဆုံးလုပ္ငန္းစဥ္ေခ်ာေမြ႕စြာေအာင္ျမင္ေစေရးအတြက္ လမ္းခင္းေပးထားျခင္းျဖစ္၍ လုပ္ငန္းစဥ္ေလးရပ္အား ထိခိုက္ ေအာင္ေဆာင္႐ြက္ပါက ေနာက္ဆုံးလုပ္ငန္းစဥ္အတြက္ အဟန႔္အတားျဖစ္ေစႏိုင္သျဖင့္ လက္ရွိအေျခအေနတြင္ မိမိတို႔အေနျဖင့္ မူဝါဒမ်ားေျပာင္းလဲမည္မဟုတ္ ဟုေျပာသည္။
ထို႔ျပင္ နစက ဥကၠ႒က မိမိတို႔အစိုးရသည္ အခ်ိန္ကာလတိုတစ္ခုအတြင္းသာ ႏိုင္ငံေတာ္၏တာဝန္ကို ထမ္းေဆာင္သည့္ အစိုးရအဖြဲ႕ျဖစ္သျဖင့္ ေရရွည္လုပ္ငန္းမ်ားထက္ လက္တေလာအ ေကာင္အထည္ေဖာ္ ေဆာင္႐ြက္၍ရသည္မ်ားကိုသာ ဦးစားေပးေဆာင္႐ြက္သြားမည္ဟုေျပာ သည္။