ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်တွင်း နှင့် နိုင်ငံတကာ သတင်းမီဒီယာများ သတင်းရယူရန် စတင်လျှောက်ထားရမည့် နေ့ရက်နှင့် ကာလကို မကြာမီအသိပေးကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲတွင် သတင်းရယူလိုသည့် ပြည်တွင်းသတင်းမီဒီယာများသည် မိမိကိုယ်စားပြုသည့် ပြည်တွင်းသတင်း မီဒီယာအဖွဲ့အစည်းမှ ရွေး ကောက်ပွဲ သတင်းရယူရန် တာဝန်ပေးစေလွှတ်ထားသူဖြစ်ကြောင်း အထောက်အထားစာကို တင်ပြ၍ ဖြစ်စေ၊ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာသမားများသည် ကိုယ်တိုင်ရေးလျှောက်လွှာတွင် မိမိနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်း၏ ထောက်ခံစာကို တင်ပြ၍ဖြစ်စေ မိမိတို့ သတင်းရယူမည့် မြို့နယ်၏ သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတွင် လျှောက်ထားရမည်ဟု ဆိုသည်။
ထိုနည်းတူ သတင်းရယူလိုသည့် နိုင်ငံတကာသတင်းမီဒီယာများအနေဖြင့်လည်း ပြန်ကြားရေးဝန်ကြီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဟု သိရသည်။
ထို့ပြင် ခရိုင်တစ်ခုထက်ပို၍ သတင်းရယူလိုပါက သတင်းရယူလိုသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် ထပ်မံလျှောက်ထားရမည်ဖြစ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်တွင်း သတင်းမီဒီယာနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် နည်းလမ်းများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာသတင်း မီဒီယာများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့်နည်းလမ်းများကို ပြန်ကြားရေးဝန်ကြီးဌာနမှ တဆင့်လည်းကောင်း အသိပေးအကြောင်းကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – MOI
