Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeNewsLocal Newsရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သောအ...

ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သောအ နာဂတ်ကိုတွေ့မြင်ရသည်ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှ သဘောထားမှတ်ချက်ပြု

ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သောအ နာဂတ်ကိုတွေ့မြင်ရသည်ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှ သဘောထားမှတ်ချက်ပြုခဲ့ကြသည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင် စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်ကကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့်ပတ်သက်၍ မီဒီယာများမေးမြန်းထားသည့်များနှင့် သိသင့်သည့်အချက် အလက်များကို ဒီဇင်ဘာ ၃၀ ရက်ကရှင်းလင်းပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲပထမပိုင်းတွင် နိုင်ငံတကာရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ နီဂွာရာ၊ ဂျပန်-မြန်မာ Association စသည့်နိုင်ငံ(၉)ခုမှအဖွဲ့များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင် ငံခြားသံရုံး(၁၄)ရုံးမှ သံရုံးအဖွဲ့ဝင်(၃၁)ဦးတို့ စောင့်ကြည့်လေ့လာခဲ့ကြသည်ဟု ပြောသည်။

” ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထားမှတ်ချက်အကျဥ်းချုပ်ကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်။ ဆန္ဒမဲပေးတဲ့ပြည်သူလူထုရဲ့တက်ကြွမှု၊ ဒီမိုကရေစီ လို လားမှုတွေကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး မြန်မာ နိုင်ငံရဲ့ကောင်းမွန်သောအနာဂတ်ကိုတွေ့မြင်ရတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေ အဆင်ပြေချောမွေ့ပြီး တည်ငြိမ်အေးချမ်းအောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့မှတ်ချက်ပြုခဲ့ကြပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် နောင်ကျင်းပမည့် အပိုင်း(၂)နှင့်အပိုင်း(၃)ရွေး ကောက်ပွဲများမှာလည်း အောင်မြင်မည်ဟုယုံကြည်ကာ မြန်မာပြည်သူများသည် ၎င်းတို့၏ ကံကြမ္မာကို ကိုယ် တိုင်ဆုံးဖြတ်လိုသဖြင့် ရွေးကောက်ပွဲကိုတက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်းကို တွေ့မြင်ရသည်ကိုလည်း သဘောထားမှတ်ချက်များပေးခဲ့ကြသည်ဟု ပြောသည်။

” ဒီရွေးကောက်ပွဲအောင်မြင်ခဲ့တာဟာ အစိုးရရဲ့အောင် ပွဲမဟုတ်ပါဘူး။ မိမိတို့နိုင်ငံရဲ့အောင်ပွဲ ပြည်သူလူထုရဲ့အောင်ပွဲ‌ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အတူ ရွေးကောက်ပွဲအား ပြည်တွင်းမီဒီယာ(၅၂)ဖွဲ့၊ သတင်းထောက်(၁၁၇၇)ဦး၊ ပြည်ပမီဒီယာ(၆၁)ဖွဲ့၊ သ တင်းထောက်(၂၁၅)ဦးတို့မှ စောင့်ကြည့်လေ့လာသ တင်းရယူတင်ဆက်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရွေး ကောက်ပွဲကျင်းပနေမှု၊ ပြည်သူလူ၏ ရွေးကောက်ပွဲတွင် တက်ကြွစွာပါဝင်နေမှုများကို မြန်မာနိုင်ငံသာမက ကမ္ဘာကပါတွေ့မြင်ခဲ့ရပြီးဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071