Wednesday, May 21, 2025

တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF...

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း (၅၀) ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသင်းဝင်ခွင့်လျှောက်လွှာများကို ယမန်နေ့ မေ...

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...
HomeNewsLocal Newsရွေးကောက်ပွဲသည် ပြည်သူတစ်ရပ်လုံး၏ ထွက်ပေါက်ဖြစ်သည်ဟု...

ရွေးကောက်ပွဲသည် ပြည်သူတစ်ရပ်လုံး၏ ထွက်ပေါက်ဖြစ်သည်ဟု ဒေါက်တာအေးမောင်ပြော

ရွေးကောက်ပွဲသည် ပြည်သူတစ်ရပ်လုံး၏ ထွက်ပေါက်ဖြစ်သည်ဟု ဒေါက်တာအေးမောင်ပြော

နစကမှ ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေး ကောက်ပွဲသည် မြန်မာပြည်သူလူထု တစ်ရပ်လုံးအတွက် ထွက် ပေါက်တစ်ခုအနေဖြင့်ထင်မြင်ယူဆကြောင်း ရခိုင့်ဦး ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက် တာအေးမောင်က ပြောသည်။

၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုအခြေအနေနှင့်ပတ်သက်၍ မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ရွေးကောက်ပွဲက မြန်မာလူထု တစ်ရပ်လုံးအတွက် ထွက်ပေါက်ဗျ။ ကျွန်တော်တို့ဘက်က မြင်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖက်က ကြည့်ရင်လည်း ထွက်ပေါက်ဗျ။ အဲဒီလိုပဲ နစက ဘက်က ကြည့်ရင်လည်း ထွက်ပေါက်ဗျ။ အားလုံးရဲ့ ထွက် ပေါက်ဟာ ရွေး ကောက်ပွဲဗျ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် မြန်မာတစ် နိုင်ငံလုံး အတိုင်းအတာဖြင့် အထွေထွေရွေးကောက် ပွဲတစ်ရပ် ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း နစကမှ ဖွဲ့စည်း ပေးထားသည့် ရွေးကောက်ပွဲကော်မ ရှင်က တရားဝင် ထုတ်ဖော်ပြောဆိုထားပြီး ဖြစ် သည်။

လက်ရှိ နစက ကကျင်းပမည့် ရွေးကောက်ပွဲအ​ပေါ် တရားမျှတမှုရှိနိုင် မရှိနိုင် မေးခွန်း ထုတ်မှုများလည်း ရှိနေသည်။

ထိုသို့ မေးခွန်းထုတ်မှုများ ရှိနေသော်လည်း လာမည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးသည် တိုင်းပြည်၏ အနာဂါတ်အတွက် လွန်စွာအရေးကြီးသည့်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းကူညီသင့်ကြောင်းလည်း ၎င်းက သုံးသပ်ပြသည်။

လာမည့် ရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပြီး ယင်းစနစ်ကျင့်သုံးမည်ဆိုပါက နိုင်ငံရေး ပါတီအချင်းချင်း ညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း ဒေါက် တာအေးမောင်က ပြောသည်။

” PR သဘောက ရွေးကောက်ပွဲ မတိုင်ခင်ညှိနှိုင်း ဖို့ လိုတယ်ဗျ။ ရွေးကောက်ပွဲ ကာလမှာလည်းညှိနှိုင်းဖို့ လိုတယ်။ ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ရင်လည်း ညှိနှိုင်းဖို့လိုတယ်။ တိုင်းရင်းသားအချင်း ချင်း ညီညွတ်တာက တစ်ပိုင်းလေ။ ပြည်မပါတီတွေနဲ့ တိုင်းရင်းသားပါတီကြားမှာ ယုံကြည်မှုနဲ့ ဘယ်လိုမျိုး အမျိုးသားညီညွတ် ရေးအစိုးရတစ်ရပ်ဆီ သွားမလဲဆိုတဲ့ ဆွေးနွေးညှိနှိုင်းမှုက အခုကတည်းက ရှိရမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ၎င်းတို့ ပါတီအနေဖြင့် ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြင်ဆင်မှုများ ပြုလုပ်နေပြီး ပြည်မပါတီများနှင့် မဟာမိတ်ဖွဲ့နိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

နစကက ဦးဆောင်ကျင်းပမည့် ၂၀၂၃ အထွေထွေ ရွေးကောက်ပွဲအ‌ပေါ် နိုင်ငံတကာနှင့် ပြည်တွင်း အတိုက်အခံအင်အားစုတွေက ဝေဖန်မှုများရှိနေသော် လည်း လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ တစ်ရပ်ဖြစ်အောင် လုပ်ဆောင်မည်ဟုလည်း နစက ၏ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြွေး ကြော်ထားသည်။

ထို့အပြင် လာမည့်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ အရည်အချင်းသတ် မှတ်ဖို့ရှိကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF Futsal Amateur Cup 2025 ပြိုင်ပွဲဝင်ခွင့်

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း (၅၀) ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသင်းဝင်ခွင့်လျှောက်လွှာများကို ယမန်နေ့ မေ (၂၀)ရက် နံနက်ပိုင်းအချိန်၌ စတင်ထုတ်ပေးခဲ့ရာ ညနေပိုင်းအချိန်တွင် အသင်းအရည်အတွက် ပြည့်သွားခဲ့ပြီဖြစ်ကြောင်း ဖူဆယ်ကော်မတီက အသိပေးထားသည်။ ယခင်က အသင်းဝင်ခွင့် လျှောက်လွှာများကို မေ (၂၀)ရက် မှ (၂၃) ရက်အထိ လက်ခံသွားရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲဝင် အသင်းအရေအတွက် အသင်း (၅၀)ပြည့် သွားခဲ့ပြီဖြစ်သဖြင့် အသင်းလျှောက်လွှာ ထုတ်ပေးခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း အသိပေးထားသည်။ ယနေ့...

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု မှာကြားသည်။ " အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်ကြရပါမယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရန်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄) သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိ

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများဖြစ်ပြီး ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်ရှိသည်ဟု ပြောသည်။ " အဲဒီအထဲကမှ(၄၃၀၀)ကျော်ကို SME Member ကတ်တွေထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီ MSME လုပ်ငန်း(၈)သောင်းကျော်မှာ လုပ်သားဦးရေ(၄၆၄၀၀၀)ကျော်လုပ်ကိုင်နေကြပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေပါတယ်"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071