Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeNewsLocal Newsရွေးကောက်ပွဲသည် ဒီမိုကရေစီတန်ဖိုးများကို ပေါ်လွင်ထင်ဟပ်စေဟု...

ရွေးကောက်ပွဲသည် ဒီမိုကရေစီတန်ဖိုးများကို ပေါ်လွင်ထင်ဟပ်စေဟု UEC ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲသည် နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခြင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်မှု၊ လွတ်လပ်မှုနှင့် တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် ဒီမိုကရေစီ၏တန်ဖိုးများကိုပေါ်လွင်ထင်ဟပ်စေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

UEC ဥက္ကဋ္ဌမှ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) အား လာရောက်လေ့လာခဲ့သည့် နိုင်ငံတကာရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဒီဇင်ဘာ ၂၈ ရက်ညနေပိုင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် အရေးကြီးသည့်မှတ်တိုင်တစ်ခုဖြစ်ကာ မဲဆန္ဒရှင်များက မိမိမဲပေးပိုင်ခွင့်ကိုအသုံးပြုပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြကာ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များမှလည်း ရွေးကောက်ပွဲကျင်းပသည့်လုပ်ငန်းစဉ်တစ်လျှောက် ဘက်မလိုက်ဘဲ စောင့်ကြည့်လေ့လာခဲ့ကြသည်ကို အထူးကျေးဇူးတင်သည်ဟု ပြောသည်။ 

“အဆွေတော်တို့ရဲ့ စောင့်ကြည့်လေ့လာမှုတွေဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုတွေကိုခိုင်မာစေရုံသာမက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲဆန္ဒရှင်တွေနဲ့ ရွေးကောက်ပွဲမှာပါဝင်သူအားလုံးအတွက် ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်” ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် အထောက် အကူဖြစ်စေမည့် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ကောင်းမွန်သည့်လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကိုစောင့်မျှော်နေမည်ဖြစ်ကာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့်အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မည်ကိုယုံကြည်သည်ဟု UEC ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားခဲ့သည်။

ထို့နောက် UEC ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071