ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် ပါတီကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်များကို ယနေ့တွင် လိုက်လံဖြုတ်ချလျက်ရှိသည်။
နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ ၂၈ က ခွင့်ပြုခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၇ ရက် သည် Silent Day ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ယနေ့တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ပါတီဆိုင်းဘုတ်များကို လိုက်လံဖြုတ်သိမ်းရမည်ဖြစ်သည်။
ယနေ့သည် ရွေးကောက်ပွဲပထမပိုင်း မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့ဖြစ်သည်။
