Tuesday, December 9, 2025

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...

ပေ (၁၀၀၀) နက်သည့် ချောက်တွင်...

ရှမ်းပြည်နယ်မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေး ရွာအုပ်စု၊ နောင်ပြစ်ကျေးရွာအနီးရှိ ပေ (၁၀၀၀)နက်သော နမ့်ဆောင်ဟောင် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျကာ (၆) ရက်ကြာ ပိတ်မိနေသူကို...

နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများကို ဒေသအာဏာပိုင်များက ဆောင်ရွက်နေသည်။ နောင်ချိုမြို့နယ် မြို့မဈေးနှင့်နောင်ချို-ကံကြီး လမ်းမကြီးပေါ်ရှိ ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊...
HomeNewsLocal Newsရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက သံတမန်များအားရှင်းလင်းပြောကြား

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက သံတမန်များအားရှင်းလင်းပြောကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အ ခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့သည်။

မကြာမှီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတပြီး အားလုံးပါ ဝင်သောရွေးကောက်ပွဲဖြစ်စေရန်ပြင်ဆင်နေမှုများ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည့်အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအား  ကန့်သတ်ထားခြင်းမရှိဘဲ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်စေရန်အတွက် ပြည်တွင်း/ပြည်ပမှ လေ့လာသူအဖွဲ့များ၊ နိုင်ငံတကာမှ သံတမန်များနှင့် အဖွဲ့အစည်းများအား ဖိတ်ကြားထားမှု၊ ပြည်တွင်း/ပြည်ပမှမီဒီယာများအား မှတ်ပုံတင်ခွင့်ပြုထားခြင်းတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍လည်း နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါဝင်ရန်နှင့် ထိတွေ့ဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင်ပါဝင်ရန်ဖိတ်ခေါ်မှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’ ဟု ထရမ့်ဆို

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ "မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ရွေ့လျားနေတယ်" လို့ သတိပေးပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်မှာ စိုက်ပျိုးရေးလုပ်ငန်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒီဒဏ်ငွေကိစ္စကို မေးမြန်းတဲ့အခါ ထရန့်က ဘရပ်ဆဲလ်ရဲ့ ဆုံးဖြတ်ချက်ကို "မကောင်းဆိုးဝါးဆန်တယ်" လို့ ပြောဆိုခဲ့ပြီး၊ "ဥရောပက အရမ်းသတိထားရလိမ့်မယ်" လို့လဲ ဖြည့်စွက်ပြောခဲ့ပါတယ်။ သူက EU နိုင်ငံတွေ လိုက်လျှောက်နေတဲ့ လက်ရှိနိုင်ငံရေး လမ်းကြောင်းအပေါ် စိုးရိမ်ကြောင်း...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ လက်ဝှေ့အဖွဲ့ချုပ်အဖြစ် လာရောက်ပူးပေါင်းနေပြီဖြစ်သည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်းတွင် နော်ဥမ္မာစိုးအပါအဝင် လက်ဝှေ့ကစားသမားအချို့ ရွှေတိဂုံဘုရားသို့ လာရောက် လည်ပတ်ဖူးမျှော်ကြသည်ကို သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားမျှဝေထားသည်ကိုတွေ့ရသည်။ ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလက်ဝှေ့အားကစားသမားများမှာ ရိုးရာလက်ဝှေ့ကျော် ရာမာန်၊ သွေးလင်းထက်၊ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်၊ ဆလိုင်းထန်ခွီးရှိန်တို့ ပါဝင်ကြောင်း သိရသည်။ ဆီးဂိမ်းလက်ဝှေ့ပွဲစဉ်များကို ဒီဇင်ဘာ (၁၃)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး၊ ONE ပွဲစဉ်များ...

ပေ (၁၀၀၀) နက်သည့် ချောက်တွင် (၆)ရက်ကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေး ရွာအုပ်စု၊ နောင်ပြစ်ကျေးရွာအနီးရှိ ပေ (၁၀၀၀)နက်သော နမ့်ဆောင်ဟောင် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျကာ (၆) ရက်ကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ပြုတ်ကျသူသည် နောင်ပြစ်ကျေးရွာသား အိုက်မုန်း အသ က် (၂၉) နှစ်ဖြစ်ပြီး ကျောက်မဲခရိုင် မီးသတ်တပ်ဖွဲ့မှ ဒီဇင် ဘာ (၈)ရက်၊ မွန်းလွဲ (၂) နာရီအချိန်တွင် ခက်ခက်ခဲခဲ အသ က်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ‌ဒီဇင်ဘာ (၃) ရက် နံနက်ပိုင်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071