Wednesday, April 23, 2025

ပဲခူးမြို့အတွင်း ရေကြီးရေလျှံမှုမဖြစ်စေရန်ဆောင် ရွက်လျက်ရှိ

ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်း၌ နှစ်စဥ်ရေကြီးရေလျှံမှုမဖြစ်စေရန် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပဲခူးမြို့ရှိ ကျောက်ကြီးစုတာအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏...

ဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း(၃,၅၀၀)မတည်လှူဒါန်း

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း(၃,၅၀၀)အား ဧပြီ ၂၂ ရက်ကမတည်လှူဒါန်းခဲ့ကြောင်း သိရသည်။ IBEC...

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း...

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း...

နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါကကန်နှင့်သဘောတူညီရန်အီရန်အဆင်သင့်

တေရန်၊ဧပြီ ၂၁ နိုင်ငံ့အကျိုးစီးပွားကိုလေးစားပါက အမေရိကနှင့်သဘောတူညီချက်ရရှိ‌ရေးအတွက် အဆင်သင့်ရှိကြောင်း အီရန်သမ္မတကပြောကြားခဲ့သည်ဟုသိရသည်။ “အမေရိကနဲ့စေ့စပ်ညှိနှိုင်းမှုက အဓိပ္ပာယ်သတ်မှတ်ထားတဲ့မူဘောင်တစ်ခုအတွင်းမှာ ရှိပြီး ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားကိုပါ လေးစားကာကွယ်ပေးမယ်ဆိုရင် သဘောတူညီချက်အတွက် အဆင်သင့်ရှိပါတယ်” ဟုလည်းသူက ပြောကြားခဲ့သည်။ သို့သော်အမေရိကန်ကိုယ်စားလှယ်များအနေဖြင့်...
HomeNewsLocal Newsရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်းမပေးခြင်းသည် လူတစ်ဦးချင်း၏ဆန္ဒဖြစ်ပြီး...

ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်းမပေးခြင်းသည် လူတစ်ဦးချင်း၏ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေးနိုင်အောင် ပြုလုပ်ပေးခြင်းသည် အစိုးရ၏ တာဝန်ပင်ဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၆ ရက်က ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲကျင်းပချိန်မှာ မဲပေးခြင်းမပေးခြင်းက လူတစ်ဦးချင်းရဲ့ဆန္ဒဖြစ်ပါတယ်၊ လူတိုင်းမဲပေးနိုင်အောင်ပြုလုပ်ပေးခြင်းက အစိုးရရဲ့တာ ဝန်ပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊အကြပ်ကိုင်မှု၊ဖိအားပေးမှုကင်းရှင်းစွာ တစ်ဦးချင်း၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် မိမိတို့ဆောင်ရွက် သွားမည်ဟု ဆိုသည်။

“တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့လည်း မဲစာရင်းတွေတိကျမှန်ကန်ဖို့ လူတိုင်းမဲပေးနိုင်ဖို့ကို ဆောင်ရွက်သွားကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ယင်းကိစ္စများဆောင်ရွက်ရန် ကျန်ရှိသည့်အချိန်တွင် ကြိုးပမ်းကြရန်လိုပြီးဖြစ်ပေါ်လာသည့် အခြေအနေနှင့်တိုးတက်မှုများအပေါ်မူတည်၍ ရွေး ကောက်ပွဲကိစ္စကို ထပ်မံသုံးသပ်ရမည်ဖြစ်ပြီး စနစ်တကျအားထည့်ကြိုးပမ်းရန်လိုသည်ဟုဆိုသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို သင်ခန်းစာယူကာ မဲစာရင်းများမှန်ကန်မှုရှိရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် မဲစာရင်းသည် ၂၀၁၄ ခုနှစ်တွင်ကောက်ယူရရှိခဲ့သည့်သန်းခေါင်စာရင်း ပေါ်တွင် မူတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလဆိုသည်။

“စာရင်းဇယားတိကျမှုရှိတယ်၊ လာမယ့်ရွေးကောက်ပွဲမှာလည်း စာရင်းဇယားမှန်ကန်စေရေးဟာ အဓိကဖြစ်ပါတယ် ဒါ့ကြောင့် စာရင်းဇယားတွေ မှန်ကန်မှုရှိစေဖို့ အခုချိန်တည်းကဆောင်ရွက်ရမှာဖြစ်ပါတယ် လိုအပ်လာရင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး စာရင်းဇယားတွေ တိကျမှန်ကန်မှုရှိစေဖို့ ဆောင်ရွက်သွားရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးမြို့အတွင်း ရေကြီးရေလျှံမှုမဖြစ်စေရန်ဆောင် ရွက်လျက်ရှိ

ပဲခူးတိုင်း၊ ပဲခူးမြို့အတွင်း၌ နှစ်စဥ်ရေကြီးရေလျှံမှုမဖြစ်စေရန် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပဲခူးမြို့ရှိ ကျောက်ကြီးစုတာအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် တာပုံစံကျပြုပြင်ခြင်း၊ ၁၆ ပေအကျယ်ဂဝံခင်းခြင်း၊ ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်းတာတို့အား တာပုံစံကျပြုပြင်ခြင်း၊ မူလမ်းရှိ ဂဝံများပြန်ခင်းခြင်းတို့ကိုဆောင်ရွက်လျက်ရှိကာ ကျောက်ကြီးစုတာအား (၁၆)ပေအကျယ် ကွန်ကရစ်ခင်းခြင်း၊ ကြခတ်ဝိုင်းတာနှင့် ညောင်ဝိုင်းတာတို့အား (၁၆)ပေအကျယ် ဂဝံခင်းခြင်းတို့ကိုလည်း ယခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ထပ်မံဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အတူ ပဲခူးမြစ်တာ(ပန်းလှိုင်-ပုဏ္ဏားစု-မုန်တိုင်) အပိုင်း အလျား(၇၈၀၀)ပေအား High Flood Level...

ဗီယက်နမ်ဘုန်းတော်ကြီးမှ ငလျင်ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းနှင့်သီလရှင်ကျောင်းများကို ငွေကျပ်သိန်း(၃,၅၀၀)မတည်လှူဒါန်း

သီတဂူဆရာတော်ကြီး၏ လမ်းညွှန်ချက်အရ ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးပေါ်မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများပြန်လည်ပြုပြင်ရန် ငွေကျပ်သိန်း(၃,၅၀၀)အား ဧပြီ ၂၂ ရက်ကမတည်လှူဒါန်းခဲ့ကြောင်း သိရသည်။ IBEC ပညာရေးစင်တာအား အလှူငွေကျပ်သိန်း (၅၀၀)၊ ရတနာသိင်္ဂီသီလရှင်ကျောင်းအား အလှူငွေကျပ်သိန်း(၅၀၀)၊ အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား အလှူငွေကျပ်သိန်း(၅၀၀)၊ ဇိနောဒယ ပရိယတ္တိစာသင်တိုက်အား အလှူငွေကျပ်သိန်း(၅၀၀)၊ ရွှေဟင်္သာတိုက်သစ်အား အလှူငွေကျပ်သိန်း(၅၀၀)၊ သုတေသက သီလရှင်စာသင်တိုက်အား အလှူငွေကျပ်သိန်း(၅၀၀)၊ မဟာသုဗောဓာရုံစာသင်တိုက်အား အလှူငွေကျပ်သိန်း(၂၅၀)နှင့် မြစကြာစာသင်တိုက်အား အလှူငွေကျပ်သိန်း (၂၅၀)တို့ကို ဗီယက်နမ်ဘုန်းတော်ကြီးက မတည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ " အခုလှူဒါန်းတဲ့ငွေပမာဏက...

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ရေးကို အလေးထားကြောင်း တရုတ်ပြော

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထားလေးစားကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှ င့်တင်ဖော်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် တက်ကြွစွာ ပံ့ပိုးကူညီလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောသည်။ ဧပြီ (၂၂) ရက် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ရှမ်းနယ်ပြည်မြောက်ပိုင်း အခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်မှုအပေါ် ၎င်းက ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံအ‌နဖြင့် ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ (ရှမ်း/မြောက်) စစ်ပွဲများ ရပ်တန့်ရန်အတွက်လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071