Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeCelebrities' Newsရဲရင့်အောင် ရဲ့ အတိတ်...

ရဲရင့်အောင် ရဲ့ အတိတ် အကြောင်း လုံးဝ စိတ်မဝင်စားဘူး ဧငြိမ်းဖြူ

A-Nyein-Phyu-(2)၂ဝ၁၃ ခုနှစ်လောက်ကတည်း ကသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတဲ့ အဆိုတော် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူက အခု အချိန်မှာတော့ သူတို့နှစ်ဦး ချစ်သူ တွေဖြစ်နေကြပြီး ချစ်သူသက်တမ်း ကတော့ ၆လကျော် ၇လ ဝန်းကျင်ရှိ နေပြီလို့ ဧငြိမ်းဖြူက ဖွင့်ဟလာပါ တယ်။ သူ့ရဲ့အရင်က အတိတ်တွေကို လုံးဝ စိတ်မဝင်စားဘဲ သူ့ကိုလက် ခံနိုင်လောက်တဲ့ အခြေအနေမို့လို့ လက်ခံဖြစ်ခဲ့ကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

“ညီမတို့ချစ်သူ သက်တမ်းက ၆လကျော် ၇လရှိနေပါပြီ။ ညီမနဲ့ သူနဲ့က ၂ဝ၁၃ ခုနှစ်လောက် ကတည်းက ရင်းနှီးလာတာပါ၊ ညီမတို့က သူငယ်ချင်းတွေလို အရင်ခင်ခဲ့ ကြတာဆိုတော့ သူဘယ်လိုမျိုး ဖြစ်ချင်လဲ ဘယ်လိုမျိုးဖြစ်ခဲ့လဲ ဆိုတာ ညီမကအသိဆုံးပါ၊ ဒီလိုအခြေ အနေတွေ ကို ညီမ လက်ခံနိုင်မလား ဆိုတာ ညီမသေချာ စဉ်းစားတယ်။ လူဆို တာကတော့ အတိတ်ဆိုး တစ်ခုခုတော့ ရှိခဲ့မှာပဲလေ။ ညီမက သူ့ရဲ့ အရင်က အတိတ် တွေကို လုံးဝ စိတ်မဝင်စားဘူး။ ညီမကတော့ သူ့ကိုကိုယ် လက်ခံနိုင်လောက်တဲ့ အခြေအနေမို့လို့ လက်ခံ လိုက်တယ်၊ အခုမှ တရားဝင်တွဲဖြစ်တယ် ဆိုတာက သူလည်း အရှေ့မှာ အကြောင်းအရာလေးတွေ နည်း နည်း ရှိခဲ့တယ်။ ညီမလည်း ညီမမိဘရဲ့ အုပ်ထိန်းမှု အောက်မှာ ရှိနေတဲ့အတွက် ညီမစိတ်ဆန္ဒ တစ်ခု တည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ ညီမ တို့က facebook မှာ မတင်တာပဲရှိတယ်။ အပြင်သွား ရင်လည်း ညီမတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် ပဲသွားတာ။ အပြင်မှာ ညီမတို့ကို တွေ့တဲ့ သူတွေ အကုန်လုံး သိပါတယ်၊ ဟိုတစ်ခေါက်က သူငယ်ချင်းလို့ ပြောခဲ့တာ ကလည်း တကယ် သူငယ်ချင်းပဲ ရှိပါသေးလို့ပါ၊ ထွေထွေ ထူးထူး ဖုံးကွယ်ထားတာ မရှိပါဘူး”လို့ ဧငြိမ်းဖြူက ပြောပြခဲ့ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ အပြည့် ယူထားပြီး တစ်ယောက်ရဲ့ အလုပ်ကို တစ်ယောက်က ဝင်မစွက်ဖက်ကြောင်း ဆိုလာတဲ့ ဧငြိမ်းဖြူက သူ့ထက်ချစ်သူ ဖြစ်သူ ရဲရင့်အောင်က သဝန်ပိုတိုတတ်ကြောင်း ဖွင့်ဟလာပါတယ်။

“ညီမကသူ့ရဲ့အနုပညာ အလုပ်တွေကို ဝင်မစွက်ဖက်ဘူး။ သူလည်း ညီမ အနုပညာ အလုပ်တွေနဲ့ ပတ်သက်ပြီး ဘာမှဝင်မစွက် ဖက်ဘူး။ ဒါကိုညီမတို့ နားလည်မှု ယူထားတယ်၊ သူ့ fan တွေနဲ့ဘယ်လိုပဲဓာတ်ပုံ ရိုက်ရိုက် ညီမ မခံစားရဘူး။ သူ့အလုပ်နဲ့ ပတ်သက်ပြီး ညီမနားလည်မှု ပေးထားတယ်။ ညီမတို့ နှစ်ယောက်ရန်ဖြစ်ရင်လည်း ၂၄ နာရီ မပြည့်ဘူး၊ ပြန်ခေါ်ကြတယ်။ တစ်ရက် ကျော်လောက်ကို စကားမပြောဘဲ အခု ချိန်ထိ မနေဖူးဘူး။ ရန်ဖြစ်လည်း ခဏပဲ။ သူမကြိုက်တာ၊ ကိုယ် မကြိုက် တာတွေကို တစ်ယောက်နဲ့ တစ် ယောက် ညှိယူရတယ်။ သူကညီမ ထက်စာရင် ညီမကို အရမ်း သဝန်တို တယ်။ ညီမလည်းသူ့ကို သဝန်တို ပါတယ်။ ဒါပေမဲ့ ညီမထက် သူက အများကြီး သဝန်ပိုတိုပါတယ်” လို့ ပြောပါတယ်၊

လတ်တလောမှာ ဧငြိမ်းဖြူ က မိခင်ဖြစ်သူ ထုတ်လုပ်ရေး ဖြစ်တဲ့ Laurel Art ထုတ်လုပ် ရေးက ရိုက်ကူးတဲ့ “မိရိုးဖလာ” ရုပ်ရှင်ဇာတ် ကားကြီးကို ရန်အောင်၊ ရဲအောင်၊ မို့မို့မြင့်အောင်၊ မေသန်းနု တို့နဲ့အတူ ခေါင်းဆောင် မင်းသမီးနေရာက နေ ပါဝင်သရုပ်ဆောင် ထားကြောင်း သိရပါတယ်။ ဒီဇာတ်ကားကြီးက တောင်ပြုန်းကို အခြေခံပြီး ရိုက်ကူး ထားတဲ့ ဇာတ်လမ်းလေးဖြစ်ကြောင်း ကို ဧငြိမ်းဖြူ က…

“ညီမကာရိုက်တာက ညီမက အင်္ဂလန်ကနေ စာတမ်းပြုစုဖို့ အတွက် မြန်မာနိုင်ငံကို ပြန်လာတယ်။ တောင်ပြုန်းရိုးရာကို အခြေခံပြီး ရိုက် ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ညီမ အတွက်က ဒီဇာတ်ကားကဒုတိယ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ညီမက ကက်ဆက်တို ဇာတ်လမ်းတွေ ရိုက် ခဲ့တာ များတော့ ရိုက်ကွင်းမှာ ခက်ခက်ခဲခဲတော့ မရှိပါဘူး။ အဓိကက တော့ ဝါရင့် သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင် ရတဲ့အခါမှာ ကိုယ့်ကြောင့် အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ ပိုပြီးကြိုးစားရတယ်”လို့ ပြောပါတယ်။

တွယ်တာ၊
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071