Friday, January 17, 2025

ယနေ့ မွန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွား

ယနေ့ ဇန်နဝါရီ (၁၇)ရက်၌ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့တွင် မီးလောင်ကျွမ်းမှု(၂)ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နံနက်အစောပိုင်း (၃)နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့ ၊...

ပြည်တွင်း ချန်ပီယံဆု (၅)ကြိမ်စီရရှိထားသည့် ရန်ကုန်ယူနိုက်တက်နှင့်ရှမ်းယူနိုက်တက်တို့...

Myanmar National League ချန်ပီယံဆု (၅)ကြိမ်စီ ရရှိခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဇန်နဝါရီ (၁၈)ရက်၌ ရန်ကုန်မြက်ခင်းတုကွင်းတွင် ဒုတိယအကျော့ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း...

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး...

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း...

သံရည်ကျိုရုံ (၃)ရုံ လည်ပတ်နိုင်ရန် ဆောင်ရွက်နေ

တောင်ကြီးမြို့၌ရှိသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) တွင် သံစိမ်းထုတ်လုပ်နိုင်ရန်အတွက် အထောက်ကူပေးမည့် သံရည်ကျို အလုပ်ရုံကြီး(၃)ရုံကို လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ယင်း သံရည်ကျို အလုပ်ရုံကြီး...
HomeNewsLocal Newsရေးမြို့နယ်တွင် လဖက်ရည်ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်ခံရမှုဖြစ်ပွား ၂...

ရေးမြို့နယ်တွင် လဖက်ရည်ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်ခံရမှုဖြစ်ပွား ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ရေးမြို့နယ်၊အစင်ကျေးရွာတွင် အမည်မသိအမျိုးသားများမှ သြဂုတ် ၉ ရက်နံနက်ပိုင်းက လဖက်ရည်ဆိုင်အတွင်းသို့ သေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့နံနက် ၈ နာရီခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသား ၂ ဦးသည် ရေးမြို့နယ်၊အစင်ကျေးရွာတွင်ဖွင့်လှစ်ထားသည့် “ဦးချစ်ဆွေ”လဖက်ရည်ဆိုင်အတွင်းသို့ ရောက်ရှိလာကာ ဆိုင်အတွင်းလဖက်ရည်သောက်နေသူများအား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဆိုင်အတွင်းလဖက်ရည်သောက်နေသူများအနက် အမျိုးသား ၂ ဦးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၃ ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“သေနတ်နဲ့ဝင်ပစ်တဲ့လူတွေက မြို့ဟောင်းကုန်းကျေးရွာဘက်ကနေလာတာလို့သိရပါတယ် လဖက်ရည်ဆိုင်ထဲကိုဝင်ပစ်တာ ၁၅ ချက်လောက်ရှိတယ်လို့သိရတယ် သေဆုံးသူ ၂ ယောက်က ဦးယဥ်ဝေနဲ့ဦးအောင်သိန်းလို့သိရပါတယ် လုံခြုံရေးအဖွဲ့တွေလာပြီးစစ်ဆေးသွားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုမျပြုလုပ်ကာ သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းဝင်များက ရေးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မွန်ပြည်နယ်အတွင်း မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွား

ယနေ့ ဇန်နဝါရီ (၁၇)ရက်၌ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့တွင် မီးလောင်ကျွမ်းမှု(၂)ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နံနက်အစောပိုင်း (၃)နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့ ၊ ဘိုးရာဇာရပ်ကွက်အတွင်း မီးလောင်ကျွမ်းခဲ့သဖြင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၃)နာရီ (၄၇)မိနစ်အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။ အလားတူ မွန်းလွဲ (၁၂)နာရီ မိနစ်(၅၀)ခန့်အချိန်၌ မော်လမြိုင်မြို့၊ ရဲဘော်ကုန်းရပ်ကွက် အောက်လမ်းမကြီး‌ပေါ်ရှိ SONY လျှပ်စစ်ပစ္စည်းဆိုင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်ပြင်သို့ မော်လမြိုင်ခရိုင်၊မြို့နယ်၊ နယ်မြေမီးသတ်စခန်းများမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး၊ မည်သည့်အတွက် မီးလောင်ကျွမ်းရခြင်းနှင့် မီးလောင်ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးပေ။ အဆိုပါ...

ပြည်တွင်း ချန်ပီယံဆု (၅)ကြိမ်စီရရှိထားသည့် ရန်ကုန်ယူနိုက်တက်နှင့်ရှမ်းယူနိုက်တက်တို့ ဒုတိယအကျော့ ထိပ်တိုက်တွေ့ဆုံမည်

Myanmar National League ချန်ပီယံဆု (၅)ကြိမ်စီ ရရှိခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဇန်နဝါရီ (၁၈)ရက်၌ ရန်ကုန်မြက်ခင်းတုကွင်းတွင် ဒုတိယအကျော့ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အသင်း (၂)သင်း၏ ပထမအကျော့ တွေ့ဆုံကစားမှုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးကွင်း၌ ကစားခဲ့ကြပြီး တစ်ဖက် (၂)ဂိုးစီသွင်းယူ၍ သရေရလဒ်ထွက်ပေါ်ထားသည်။ လက်ရှိ Myanmar National League Week-15 အပြီး အမှတ်ပေးဇယားရပ်တည်မှုအရ ရှမ်းယူနိုက်တက်အသင်းမှာ ရမှတ် (၄၃) မှတ်ဖြင့် အဆင့် (၁)၊ ရန်ကုန်ယူနိုက်တက် အသင်းမှာ ရမှတ်...

ယနေ့ တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြော

ယနေ့ ဇန်နဝါရီ (၁၇)ရက် ညနေ (၅)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ယှဉ်ပြိုင်ကစားရမည့်အပေါ် အများကြီးမျှော်လင့်ထားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင် ပြောကြားသည်။ "အများကြီး မျှော်မှန်းထားတယ်။ ဒီပွဲအောင်မှလည်း ကျွန်တော်တို့ အဆင်ပြေမှာပေါ့နော်။ အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်။ နောက်ပွဲတွေကို အကောင်းဆုံးကြိုးစားသွားမှာပါ။ ဒီလို (ဗီယက်နမ်ပွဲစဉ်)ဖြစ်သွားတဲ့အတွက်လည်း အားနာပါတယ်။ နောက်ပွဲတွေဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် "ဟု မြန်မာအမျိုးသမီးဖူဆယ်အသင်း အသင်းခေါင်းဆောင် ယွန်းမီမီလွင်က ပြောသည်။ မြန်မာလက်ရွှေးစင် အမျိုးသမီး ဖူဆယ်အသင်းအနေဖြင့် ဇန်နဝါရီ (၁၅)ရက်က ဗီယက်နမ်အသင်းဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကြရာ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071