စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့တွင် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုကို ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် အသိပေးလျက်ရှိကြောင်း သိရသ ည်။
ရေဦးမြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို အပိုင်း (၂) တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်အမည်စာရင်းများကို ယနေ့ နို၀င်ဘာ (၂၁) ရက်တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာပေးထားပြီးဖြစ်ကြောင်းသိရသည်။
မဲဆန္ဒရှင်စာရင်းများကပ်ထား ကြေညာမှုအား ဒေသခံပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရေးအတွက် ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
မဲစာရင်းများကို နို၀င်ဘာလ (၂၁) ရက်မှ ဒီဇင်ဘာလ (၄) ရက်အထိကပ်ထားကြေညာပေးထားမည်ဖြစ်ပြီး မဲစာရင်းတွင် အမည်စာရင်းမပါခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း လွဲမှားနေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပါ မှတ်ပုံတင်နံပါတ်လွဲမှားနေခြင်း၊ မဲစာရင်းတွင် ေ-သဆုံးသူများပါရှိနေခြင်းများတွေ့ရှိပါက သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတာ၀န်ရှိသူများထံ အသိပေးအကြောင်းခြင်းများပြုလုပ်ရန် နှင့် မဲစာရင်းများ မှန်ကန် တိကျမှုရှိစေရေး ဆောင်ရွက်လျှက်ရှိကြောင်း စသည့်အချက်များကို အသိပေးနှိုးဆော် ပေးခဲ့ကြကြောင်း သိရသည်။
ရေဦးမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုတို့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
