(Unicode)
ရေဦးမြို့ရှိ လွတ်လပ်ရေးနေ့ အခမ်း အနားကျင်းပရန်စီစဥ်ထားသည့် မြို့နယ်ထွေအုပ်ရုံး ဗုံးသီးများဖြင့်ပစ်ခတ်ခံရ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် ယနေ့နံနက်အစောပိုင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရန် ပြုလုပ်စဥ် ရုံးဝင်း အတွင်းသို့ ဗုံးသီးများဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
“အခမ်းအနားလုပ်ဖို့ပြင်ဆင်နေတဲ့အချိန်ရယ် အခမ်းအနားမစခင်လေးရယ်မှာ ပစ်ခံရတာ ဒဏ်ရာရတဲ့သူရှိ မရှိကတော့မသိသေးဘူး”ဟုဒေသခံတစ်ဦးကပြောသည်။
လွတ်လပ်ရေးနေ့အခမ်းအနား၏ နစက ဥက္ကဋ္ဌပေးပို့သည့် သဝဏ်လွှာအား ယခင်ကျင်းပသည့်နေရာ၌ ဖတ်ကြားခြင်းမပြုဘဲ မြို့နယ်ထွေအုပ်ရုံး၌သာ သဝဏ်လွှာဖတ်ကြားရန်ပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ဗုံးနဲ့ပစ်တယ်လို့တော့ပြောနေကြတယ် ခန်မှန်းခြေလေးလုံးလောက်တော့ရှိလိမ့်မယ် ပေါက်ကွဲသံတွေလည်း ဆက်တိုက်နီးပါးကြားရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များနှင့်အခမ်းအနားတက်ရောက်ရန် ရောက်ရှိနေသည့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ကာ လမ်းမကြီးများအားပိတ်ဆို့စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသည်။
(Zawgyi)
ေရဦးၿမိဳ႕ရွိ လြတ္လပ္ေရးေန႔ အခမ္း အနားက်င္းပရန္စီစဥ္ထားသည့္ ၿမိဳ႕နယ္ေထြအုပ္႐ုံး ဗုံးသီးမ်ားျဖင့္ပစ္ခတ္ခံရ
စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕ရွိ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးတြင္ ယေန႔နံနက္အေစာပိုင္းက လြတ္လပ္ေရးေန႔ အခမ္းအနားက်င္းပရန္ ျပဳလုပ္စဥ္ ႐ုံးဝင္း အတြင္းသို႔ ဗုံးသီးမ်ားျဖင့္ပစ္ခတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“အခမ္းအနားလုပ္ဖို႔ျပင္ဆင္ေနတဲ့အခ်ိန္ရယ္ အခမ္းအနားမစခင္ေလးရယ္မွာ ပစ္ခံရတာ ဒဏ္ရာရတဲ့သူရွိ မရွိကေတာ့မသိေသးဘူး”ဟုေဒသခံတစ္ဦးကေျပာသည္။
လြတ္လပ္ေရးေန႔အခမ္းအနား၏ နစက ဥကၠ႒ေပးပို႔သည့္ သဝဏ္လႊာအား ယခင္က်င္းပသည့္ေနရာ၌ ဖတ္ၾကားျခင္းမျပဳဘဲ ၿမိဳ႕နယ္ေထြအုပ္႐ုံး၌သာ သဝဏ္လႊာဖတ္ၾကားရန္ျပင္ဆင္ထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ဗုံးနဲ႔ပစ္တယ္လို႔ေတာ့ေျပာေနၾကတယ္ ခန္မွန္းေျခေလးလုံးေလာက္ေတာ့ရွိလိမ့္မယ္ ေပါက္ကြဲသံေတြလည္း ဆက္တိုက္နီးပါးၾကားရတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။
အခင္းျဖစ္ေနရာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္အခမ္းအနားတက္ေရာက္ရန္ ေရာက္ရွိေနသည့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ကာ လမ္းမႀကီးမ်ားအားပိတ္ဆို႔စစ္ေဆးျခင္းမ်ားျပဳလုပ္ခဲ့ၾကသည္။
