အရှေ့တောင်အာရှဒေသတွင် ဆိုးဝါးသည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအတွင်း ေ-သဆုံးရသူဦးရေသည် စနေနေ့အထိတွင် ၃၅၀ ကျော်ရှိလာခဲ့ပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် ရှင်းလင်းရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
ယခုသီတင်းပတ်တွင် နိုင်ငံသုံးနိုင်ငံရှိ ဒေသအတော်များများတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းသဖြင့် လူရာနှင့်ချီ၍ ေ-သဆုံးခဲ့ကာ ထောင်ပေါင်းများစွာ သောင်တင်ပိတ်မိနေခဲ့ပြီး လူများစွာသည် အိမ်ခေါင်မိုးများပေါ်တွင် ကယ်ဆယ်ရေးအတွက် စောင့်ဆိုင်းနေကြရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ရေဘေးဒ-ဏ်ကို အဆိုးဝါးဆုံးခံခဲ့ရပြီး လူ ၁၀၀ ကျော်ပျေ-ာက်ဆုံးလျက်ရှိသည့် ဆူမာတြားကျွန်း၏ ဒေသများသို့ ရောက်ရှိနိုင်ရန် ကယ်ဆယ်ရေးသမားများက ခက်ခက်ခဲခဲကြိုးပမ်းနေရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာအာဏာပိုင်အဖွဲ့က ထုတ်ပြန်သောစာရင်းများအရ အင်ဒိုနီးရှားတွင် ရေကြီးမြေပြိုမှုများကြောင့် ေ-သဆုံးသူ ၂၀၀ ကျော်ရှိနေသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာပြည်နယ်တွင် ရေမျက်မှာပြင်သည် ၁၀ ပေနီးပါးအထိ ရောက်ရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးရေကြီးမှုတွင် ေ-သဆုံးသူ ၁၄၅ ဦးထက်မနည်း ေ-သဆုံးခဲ့ပြီဖြစ်သည်။
ရေဘေးဒ-ဏ်အပြင်းထန်ဆုံးခံခဲ့ရသည့် ဟတ်ယိုင်ခရိုင်ရှိ ဆေးရုံတစ်ရုံတွင် ရုပ်အလောင်းများသည် ရင်ခွဲရုံတွင်ထားရှိနိုင်သည့် ပမာဏထက်ကျော်လွန်သွားသဖြင် ဝန်ထမ်းများက အအေးခန်းထရပ်ကားများထဲသို့ ပြောင်းရွှေ့ခဲ့ကြသည်။
ထိုင်းဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်သည် သောကြာနေ့တွင် ခရိုင်ရှိ ရေဘေးသင့်သူများထားရှိရာ ခိုလှုံရေးစခန်းများကို သွားရောက်ခဲ့သည်။
“ကျွန်တော့်အစိုးရသက်တမ်းအတွင်းမှာ ဒီလိုမျိုးဖြစ်ကြရတဲ့အတွက် သူတို့ကို ကျွန်တော် တကယ်ပဲတောင်းပန်ပါတယ်” Amarin TV တွင် ထုတ်လွှင့်သော ရုပ်သံတွင် ၎င်းကသတင်းထောက်များကို ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါလစ်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူနှစ်ဦး ေ-သဆုံးခဲ့သည်။
နှစ်စဉ် မုတ်သုံရာသီဖြစ်သည့် ဇွန်လမှ စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းလေ့ရှိပြီး မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသည်။
Ref: ဖရွန်စ်ဗန်းကတ်
