Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeInternationalရေဘေးသင့် ဆောင်ခလာပြည်နယ်ကို အရေးပေါ်အခြေအနေကြေညာ

ရေဘေးသင့် ဆောင်ခလာပြည်နယ်ကို အရေးပေါ်အခြေအနေကြေညာ

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ရေကြီးရေလျှံမှုများ အကြီးအကျယ်ဖြစ်ပွားနေသည့် နိုင်ငံတောင်ပိုင်း ဆောင်ခလာပြည်နယ်တွင် အင်္ဂါနေ့၌ အရေးပေါ်အခြေအနေကြေညာခဲ့သည်။

ပျ-က်စီးဆုံးရှုံးမှုများသည် နေရာအနှံ့ဖြစ်ပွားနေကာ အများပြည်သူဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ဖွယ်ရာဖြစ်‌နေသော မကြုံစဖူး မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကို တုန့်ပြန်ရန်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းရန် အစိုးရက အထူးကွပ်ကဲရေးစင်တာတစ်ခု ထူထောင်လိုက်ပြီးနောက် ယခုကြေညာချက်ထွက်လာခြင်းဖြစ်သည်။

ထိုင်းတောင်ပိုင်းဒေသရှိ ပြည်နယ်ကိုးခုတွင် မိုးကြီးရေလျှံနေခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ဆိုခဲ့ပြီး အထူးသဖြင့် လူဦးရေ ၂ ဒဿမ ၂၀ သန်းသည် ရေဘေးကြုံနေရကာ ဒေသတစ်ဝန်းသေဆုံးသူ ၁၃ ဦးရှိခဲ့ပြီဟု ပြောကြားခဲ့သည်။

ပြင်းထန်သော အရှေ့မြောက်မုတ်သုံမိုးနှင့် နိုင်ငံ၏ တောင်ပိုင်းမြေနိမ့်ဒေသနှင့် မလေးရှားနိုင်ငံကို လွှမ်းခြုံထားသော ပြင်းထန်လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ဖွယ်ရှိပြီး ရေကြီးရေလျှံမှုနှင့် တောင်စောင်းများမှ ရေလျှံစီးကျမှုများဖြစ်ပွားနိုင်ခြေကို သိသိသာသာမြင့်တက်စေကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးချက်များ ထုတ်ပြန်ထားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071